images
UN
UN
ပြည်ခိုင်ဖြိုးပါတီက ရှေ့တန်းပြန်တပ်မတော်သားများအားကြိုဆို
နိုင်စေရန် Thursday, 27 June 2019
ရခိုင်ပြည်နယ် တောင်ကုတ်အခြေစိုက် စကခ(၅)တပ်မမှ အရာရှိနှင့် တပ်မတော်သားများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မိခင်တပ်ရင်းသို့ ရှေ့တန်းပြန်ဝင်ရောက်လာခဲ့ရာ တောင်ကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ သွားရောက်ကြိုဆိုခဲ့ကြသည်။အဆိုပါ ရှေ့တန်းပြန်တပ်မ တော်သားများအား တပ်မတော် မိသားစုများက အောင်သပြေပန်း ခက်များ၊ ပန်းကုံး၊ ပန်းစည်းများ ဖြင့် ခရီးဦးကြိုဆိုဂုဏ်ပြုခဲ့ကြရာ တောင်ကုတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီတာဝန်ရှိသူများနှင့် ပါတီဝင် များလည်းပါဝင်ပြီး ခရီးဦးကြိုဆိုခဲ့ ကြကြောင်း သိရသည်။
ရှေ့တန်းပြန် ဂုဏ်ပြုကြိုဆိုပွဲ သို့ တောင်ကုတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကျော်သီးနှင့် မြို့ နယ်ပါတီကော်မတီဝင်များ၊ မြို့ ပေါ်ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ပါတီ ဝင်များက ဝင်ရောက်ဂုဏ်ပြုကြို ဆိုခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲတွင် လာရောက်ကြိုဆိုခဲ့သော ပါတီဝင် များနှင့် ပါတီမိတ်ဆွေများအား မြို့နယ်ပါတီမှ အအေးများဖြင့် ဧည့်ခံတိုက်ကျွေးခဲ့ကြောင်း သိရ သည်။