images
UN
UN
မြန်မာဈေးကွက်သို့ ဦးတည်လျှောက်လှမ်းလာသော ဂျပန်နိုင်ငံ၏ လားရာများ
ပြည့်ဖြိုးနိုင် Monday, 01 July 2019
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖော် ဆောင်လျက်ရှိသော ဘဏ္ဍာရေးကဏ္ဍ အသွင်ကူးပြောင်းမှုများနှင့် စက်မှုကဏ္ဍ သို့ ပြောင်းလဲနိုင်ရေးစီမံကိန်းများတွင် ဗဟိုချက်ဟုဆိုရမည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြန်မာအစိုးရဘက်မှ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံဖော်ဆောင် လျက်ရှိသော ဘဏ္ဍာရေးကဏ္ဍအသွင် ကူးပြောင်းမှုများတွင် စစ်မှန်သောမိတ်ဖက် အသွင် ပါဝင်လျက်ရှိသည့် နိုင်ငံဖြစ် ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာ နိုင်ငံအတွင်း၌ ဖော်ဆောင်လျက်ရှိသည့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့်ဘဏ္ဍာရေးကဏ္ဍ အသွင်ကူးပြောင်းရေးစီမံကိန်းများတွင် ဂျပန်နိုင်ငံအတွက် အကျိုးစီးပွားများစွာ ပါရှိနေသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
ဂျပန်ဘဏ္ဍာရေးဝန်ဆောင်မှုအေဂျင်စီ က ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတကာဈေး ကွက်များသို့ ချဲ့ထွင်ရေးဆိုသည့်ရည်မှန်း ချက်အား အထူးပြုရန် ဆုံးဖြတ်ခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံအတွင်း၌ ဖော် ဆောင်မှု ဘဏ္ဍာရေးကဏ္ဍအသွင်ကူး ပြောင်းမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းများတွင် ဂျပန်နိုင်ငံ၏ အကူအညီ များ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့အစည်းများ က ဘဏ္ဍာရေးကဏ္ဍ အသွင်ကူးပြောင်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ တွင် နည်းပညာအကူအညီများ ပေးအပ် ရန်၊ အာရှဒေသနှင့်ကိုက်ညီသည့်ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းများအဖြစ်သို့ ရောက် ရှိလာစေရန် ကူညီပြီးနောက် ဂျပန်စီးပွား ရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ အစည်းများက နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော စီးပွားရေးကဏ္ဍဆိုင်ရာ အမူအကျင့်များ တိုးပွားလာရေးအတွက် ကူညီရန်ဆိုသော ကမ်းလှမ်းမှုများပြုလုပ် သင့်ကြောင်း အကြံပြုခဲ့ကြသည်။ အဆိုပါ အကြံပြုချက်များအား ပြန်လည်သုံးသပ် ပြီးနောက် ဂျပန်အစိုးရသည် ပြန်လည် ရှင်သန်အားကောင်းရေးမဟာဗျူဟာဟု အမည်ပေးထားသော စီမံကိန်းတစ်ရပ် အား ၂ဝ၁၃ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ဂျပန်အစိုးရအနေဖြင့် စတော့ရှယ်ယာဈေး ကွက်များ တည်ငြိမ်စွာခရီးဆက်နိုင်ရေး၊ ပိုင်ဆိုင်မှုနှင့်ဆိုင်သော စီမံခန့်ခွဲမှုများကို တိုးတက်လာအောင် ဆောင်ရွက်ကာ အာရှဒေသရှိ စတော့ရှယ်ယာဈေးကွက် များထဲတွင် နံပါတ်တစ်နေရာသို့ ရောက် ရှိရေးဆိုသည့် ရည်မှန်းချက်များကို ဖော် ဆောင်ခြင်းဖြင့် အာရှဒေသတွင် ဖွံ့ဖြိုး တိုးတက်မှုများ ဖန်တီးရန်ရည်ရွယ်သည့် မဟာဗျူဟာဟု သတ်မှတ်ရမည်ဖြစ် သည်။
အဆိုပါမဟာဗျူဟာအား ၂ဝ၁၄ ခုနှစ်တွင် သုံးသပ်မှုအချို့ ပြုလုပ်ပြီးနောက် အာရှဒေသတွင် လုပ်ငန်းများလုပ်ဆောင် နေသည့်ဂျပန်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအား ဂျပန်အစိုးရ ဘက်မှ ထောက်ပံ့ကူညီမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်ပိုင်းများ အတွင်း၌ အရှေ့တောင်အာရှနိုင်ငံများတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာခဲ့ခြင်း၏ နောက်ကွယ်တွင် တရုတ် နိုင်ငံ၌ လုပ်သားခဈေးနှုန်းများ မြင့်တက် လာခဲ့သောအချက်သည် အဓိကကျသည့် အချက်ဖြစ်ခဲ့သည်။
၂ဝ၁၃ ခုနှစ်နောက် ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ် ကြသော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်နှင့်ထိုင်းနိုင်ငံများသို့ ဝင်ရောက်ခဲ့သော ဂျပန်ရင်းနှီးမြှုပ်နှံသူများသည် တရုတ် နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံ မှု ပမာဏထက် ပိုမိုများပြားခဲ့သည်။ ဂျပန်နိုင်ငံအခြေစိုက် ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့်ဘဏ်များသည် ဈေးကွက် ချဲ့ထွင်မှုများ ပြုလုပ်ရာ၌ အရှေ့တောင် အာရှဒေသအား ဦးစားပေးလာခဲ့သည်ဟု လည်း မြင်တွေ့ခဲ့ရသည်။ ဂျပန်ဘဏ် များက ၂ဝဝ၈ ခုနှစ်နောက်ပိုင်းတွင် အာရှ ဒေသ၌ ပိုင်ဆိုင်ခဲ့သောတိုးတက်မှုပမာဏ မှာ ၁ဝ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ပင်လယ် ရပ်ခြားဒေသများရှိ ဈေးကွက်များတွင် ဌာနခွဲအသစ်များ ဖွင့်လှစ်ကာ ဒေသခံ အဖွဲ့အစည်းများနှင့် အချိုးညီညီပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖောက်သည် အသစ်များအား ဝန်ဆောင်မှုပေးအပ်နိုင် စွမ်း မြင့်တက်လာခဲ့မှု၏ အကျိုးကျေးဇူး ကို ခံစားခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ သည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ကလည်း ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့် ဂျပန်ဘဏ်များသည် လာမည့်နှစ်အနည်း ငယ်အထိ လက်ရှိကိုင်စွဲထားသော ဦး တည်ချက်အား ပြောင်းလဲဖွယ်မရှိကြောင်း ခန့်မှန်းခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် လူဦးရေအများဆုံးနိုင်ငံ များစာရင်း၌ ပဉ္စမနေရာတွင် တည်ရှိ လျက်ရှိသော်လည်း မြန်မာနိုင်ငံ၏တစ်ဦး ချင်းထုတ်လုပ်မှုတန်ဖိုးမှာ လာအိုနှင့် ကမ္ဘောဒီးယားတို့ထက်သာ မြင့်မားသည့် အခြေအနေတွင် ရှိနေသည်။ အဆိုပါအရှိ တရားများသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများ အတွက် အနာဂတ်တွင် မြန်မာနိုင်ငံသည် အရေးကြီးသည့်ဒေသတစ်ခုဖြစ်လာစေသော အချက်တစ်ခုဖြစ်ခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဂျပန်ဘဏ္ဍာရေး ဝန်ဆောင်မှုအေဂျင်စီနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် စတော့ ရှယ်ယာဈေးကွက်များ၊ အာမခံလုပ်ငန်း များ၊ အသေးစားချေးငွေလုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်မှုပြုလုပ် မည့် နားလည်မှုစာချွန်လွှာအား လက် မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ၌ ဂျပန် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများသာမက ဂျပန်ပုဂ္ဂလိကလုပ်ငန်းများကပါ ဘဏ္ဍာ ရေးကဏ္ဍနှင့်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် အတွက် တရားဝင်သဘောတူညီမှုရယူခဲ့ ခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်သည်။
(Ref; Japan Goes Long on Myanmar By Tomoo kikuchi and Takehiro Masutomo)
(ဆက်လက်ဖော်ပြမည်)