images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်နယ် ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
Monday, 01 July 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁ဝ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပါတီတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များက မိတ်ဆက်ကြပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များက မိတ်ဆက်ကြသည်။ထို့နောက် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်း ယန်း၊ မိုင်းပြင်း၊ မက်မန်းမြို့နယ် ပါတီ ဥက္ကဋ္ဌများက ဒေသအခြေအနေများနှင့် ဒေသအလိုက် ပါတီလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ကျိုင်းတုံခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌက ခရိုင်ပါတီ လုပ်ငန်းဆောင် ရွက်မှု အခြေအနေအားလည်းကောင်း၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌက ပြည်နယ်ပါတီ လုပ်ငန်း ဆောင်ရွက်မှုများအား အသီးသီး ရှင်းလင်း တင်ပြကြသည်။
အခမ်းအနားသို့ တက်ရောက်လာသူ များက ရွေးကောက်ပွဲကော်မရှင်နှင့်ပတ် သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ် သက်၍လည်းကောင်း သိရှိလိုသည်များ မေးမြန်းလာမှုအပေါ် ပါတီဥက္ကဋ္ဌက ပြန် လည်ဖြေကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး က လမ်းညွှန်အမှာစကား ပြောကြားသည်။
ယင်းနောက် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါး အန္တရာယ်အခြေအနေများနှင့်ပတ်သက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက လည်းကောင်း၊ နိုင်ငံတကာရေးရာကိစ္စ ရပ်များနှင့်ပတ်သက်ပြီး ပါတီဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်ကလည်း ကောင်း ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်၊ ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်စိုး၊ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်း သန်းဝင်းနှင့် ပြည်နယ်ပါတီဒုဥက္ကဋ္ဌ ရှမ်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီများမှပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။