images
UN
UN
ပြည်သူ့ဆန္ဒမပါဝင်သည့် မီတာခတိုးမြှင့်ကောက်ခံမှုကိုရပ်တန့်ပေးရေး မြို့နယ်များတွင်ဆန္ဒဖော်ထုတ်
မေနဒီမြနွယ် Monday, 01 July 2019
ပုဇွန်တောင်မြို့နယ်
*********************
ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင် သောမီတာခတိုးမြှင့်ကောက် ခံမှုကို ချက်ချင်းရပ်တန့်ပေး ရေးအပါအဝင် အချက် သုံးချက်အား ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့ နယ် ပုဇွန်တောင်လမ်းမကြီး ပုဇွန်တောင်ဥယျာဉ် အိမ်ရာ အရှေ့တွင် ယနေ့နံနက် ၉ နာရီက ပြည်သူများက ဆန္ဒ ဖော်ထုတ်ခဲ့သည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရခြင်း နှင့် ပတ်သက်၍ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးစိုးမင်းသန်း က 'အစိုးရဆိုတာ ပြည်သူလူထုရဲ့စားဝတ် နေရေးအတွက်၊သက်သာချောင်ချိဖို့အတွက် ဖြေရှင်းပေးဖို့ တာဝန်ရှိတာကို ပြည်သူတွေ ဒီလောက် ကျပ်တည်းနေရတဲ့အထဲ အခုလို မီတာခကို အဆမတန် တိုးမြှင့်ကောက်ခံဖို့ လုပ်တာဟာ ပြည်သူကို ငတ်သထက်ငတ် အောင် လုပ်နေတာလားလို့ မေးချင်တယ်။ အရင် တပ်မတော်အစိုးရ လက်ထက်နဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက လောက်တောင် အရည်အချင်းမရှိကြတော့ ဘူးလားလို့ မေးချင်တယ်။
အဓိက ကတော့ ၂ဝ၁၅ မှာ မဲပေးခဲ့ တဲ့ ပြည်သူတွေကို NLD အစိုးရနဲ့ NLD လွှတ်တော်အမတ်တွေ လျစ်လျူရှုလိုက် ပြီလားဆိုတာ သိချင်ပါတယ်'ဟု ပြော သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ပြည်သူ များက ဗီနိုင်းပါ စာသားများဖြစ်သည့် လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုချက်ချင်း ရပ်၊ ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့် မှု အလိုမရှိ၊ ပြည်သူ့ဆန္ဒ အရေးပေးရေး ဒို့အရေး စသည့်အချက်များကို ဟစ်ကြွေး ၍ ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သိရသည်။

သာကေတမြို့နယ်
********************
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်ယနေ့ မွန်းလွဲ ၂ နာရီက မြကန်သာ ပန်းခြံရှေ့မှမြင်တော်သာလမ်း အတိုင်း ဧရာဝဏ်လမ်းထိပ် အထိ ပြည်သူများက ဗီနိုင်း ဆိုင်းဘုတ်ပိုစတာများ ကိုင် ဆောင်၍ ပြည်သူ့ဆန္ဒမပါဘဲ လျှပ်စစ်ဓာတ်အားကောက်ခံ မှု အလိုမရှိ၊ ဓာတ်အားခတိုး မြှင့်ကောက်ခံမှုများချက်ချင်း ရပ်၊ချက်ချင်းရပ်ဟုကြေွးေကြာ် သံများြေ<ွကးကြော်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။