images
UN
UN
မြန်မာအမျိုးသမီးများနေ့နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Monday, 01 July 2019
နှစ်စဉ် ဇူလိုင်လ ၃ရက်နေ့ကို ''မြန်မာ အမျိုးသမီးများနေ့''အဖြစ် သတ်မှတ်ကာ မြန်မာအမျိုးသမီးများ၏ဂုဏ်ရည်ကို မြှင့် တင်ပေးလျက်ရှိသည့်အပြင် အမျိုးသမီးများ ၏ အခွင့်အရေးများကိုလည်း ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဇူလိုင်လ ၃ရက်နေ့သည် ''မြန်မာအမျိုး သမီးများနေ့''ဟု ဖြစ်ပေါ်လာရခြင်းမှာ မတ်လ ၈ရက်နေ့ ''အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့''ကြောင့်ပင်တည်း။
''(၁) ကမ္ဘာ့နိုင်ငံများရှိ အမျိုးသမီး များက နိုင်ငံတကာအမျိုးသမီးလှုပ်ရှားမှု များပြုလုပ်ပြီး အမျိုးသမီးများသည် အမျိုး သားများနှင့် တန်းတူအခွင့်အရေးများရရှိ နိုင်ရန်၊ (၂) တန်းတူရည်တူဆက်ဆံခွင့်ရရှိ နိုင်ရန်နှင့် (၃) အမျိုးသမီးများ၏စွမ်းပကား တောင်းဆိုလှုံ့ဆော်စည်းရုံးမှုများပြုလုပ်ရန်'' ဟူသော ရည်ရွယ်ချက်သုံးရပ်ဖြင့် ''ကမ္ဘာ့ အမျိုးသမီးညီလာခံများ''ကို ကျင်းပခဲ့ ကြပါသည်။
ကျင်းပခဲ့ကြသည့်နိုင်ငံများမှာ-
(၁) ၁၉၇၅ ခုနှစ် မက္ကဆီကိုနိုင်ငံ
(၂) ၁၉၈ဝ ပြည့်နှစ် ဒိန်းမတ်နိုင်ငံ (ကိုပင်ဟေဂင်မြို့)
(၃) ၁၉၈၅ ခုနှစ် ကင်ညာနိုင်ငံ
(နိုင်ရိုဘီမြို့)
(၄) ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ(ပေကျင်းမြို့)
(၅) ၂ဝ၁၄ ခုနှစ် အင်္ဂလန်နိုင်ငံ
(၆) ၂ဝ၁၅ ခုနှစ် ချီလီနိုင်ငံ
တို့တွင် ဖြစ်ကြသည်။
ထိုသို့ ''ကမ္ဘာ့အမျိုးသမီးညီလာခံ များ'' ကျင်းပခဲ့ရခြင်း၏အကြောင်းရင်း ကလည်း ရှိခဲ့သည်။ ၁၉၁၁ခုနှစ် မတ်လက ရုရှားနိုင်ငံရှိ စက်ရုံမီးလောင်မှုကြောင့် အမျိုး သမီး ၁၄၆ ဦး မီးလောင်သေဆုံးခဲ့ရာ အမျိုး သမီးများ အြုံ<ွကလှုပ်ရှားအရေးဆိုလာခဲ့ကြ သည်။ ထို့ကြောင့် ''မတ်လ ၈ရက်နေ့''ကို ''အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့'' အဖြစ် သတ်မှတ်ပေးခဲ့ပြီး အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ နှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းများမှာ ပါဝင်သည်။ ''လူတိုင်း ကျား/မ မရွေး၊ နိုင်ငံကြီး/ငယ် မရွေး အခြေခံလူအခွင့်အရေး များနှင့် တန်းတူရည်တူအခွင့်အရေးရရှိရေး တို့ကို ဂရုပြုရန်''ဟူသော စာတမ်းကြောင့် ''ကမ္ဘာ့အမျိုးသမီးညီလာခံ''များကို အခါ အားလျော်စွာ ကျင်းပခဲ့ကြပါသည်။
ထိုသို့ ကျင်းပခဲ့ကြသည့် ညီလာခံများ အနက် ၁၉၉၅ခုနှစ် တရုတ်ပြည် ပေကျင်း မြို့၌ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံက ''ပေကျင်း ကြေညာစာတမ်း''(Beijing Declaration) ပြဋ္ဌာန်းခဲ့ပါသည်။ ထိုကြေညာစာတမ်းတွင် ''အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်ရာတွင် နိုင်ငံတိုင်း၌ အမျိုးသားအဆင့် ယန္တရားဖွဲ့စည်းပြီး ဆောင်ရွက်သင့်သည့် ကဏ္ဍအပါအဝင် ကဏ္ဍကြီး(၁၂)ရပ် ပါဝင် ခဲ့ရာ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက် သည့်အနေဖြင့် ၁၉၉၆ခုနှစ် ဇူလိုင်လ ၃ရက် နေ့တွင် ''မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီ'' (Myanmar National Committee on Women's Affairs) (MNCWA) ကို ဖွဲ့စည်းခဲ့ပါသည်။ ''မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော် မတီ'' စတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကိုပင် ''မြန်မာအမျိုးသမီးနေ့''ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက် ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် အထိ အဆင့်ဆင့်ဖွဲ့စည်းလှုပ်ရှားခဲ့ကြပါ သည်။ ယခုဆိုလျှင် ၂၃နှစ်ခရီးသို့ ရောက်ခဲ့ လေပြီ။



မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီကိုဖွဲ့စည်းခဲ့ရာတွင် ရည်ရွယ်ချက် ခုနစ်ချက်ချမှတ်ထားရာ-
(၁) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံတော်ကြီးတည် ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးရန်၊
(၂) အမျိုးသမီးများ၏အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ရန်၊
(၃) အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အမျိုးသမီး များ၏ဘဝလုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန်၊
(၄) တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပိုမိုမြတ်နိုး တန်ဖိုးထားသည့် စိတ်ဓာတ်မြှင့် တင်ရေးအတွက် အမျိုးသမီးများ ကိုလေ့ကျင့်ပျိုးထောင်ပေးရန်၊
(၅) အမျိုးသမီးများအားအကြမ်းဖက် မှုမှ ကာကွယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စနစ် တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(၆) အမျိုးသမီးများနှင့်ကလေးသူငယ် များအား လူကုန်ကူးမှုလျော့နည်း ပပျောက်ရေးအတွက် အမျိုးသား ရေးတာဝန်တစ်ရပ် အသွင်ဖြင့် ဆောင်ရွက်နိုင်ရန်၊
(၇) အမျိုးသမီးများ၏အခွင့်အရေး များကို တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင် အထည်ဖော်ဆောင်ရာတွင် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ပြည် တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်
ဟူ၍ဖြစ်သည်။
မြန်မာအမျိုးသမီးရေးရာ ကော်မတီ သည် အာဆီယံအမျိုးသမီးရေးရာကော်မတီ (Asean Committee on Women)(ACW) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် မြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် များအသင်း၊ အမျိုးသမီးများအကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအဖွဲ့များနှင့် ပူးတွဲ ပေါင်းစည်း၍ ချမှတ်ထားသော ရည်ရွယ် ချက်များကို အကောင်အထည်ဖော်ဆောင် လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအဆက်ဆက် စဉ်ဆက် မပြတ်လှုပ်ရှားခဲ့ရာ ၂ဝ၁၃ ခုနှစ် အောက် တိုဘာအတွင်းက အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးအမျိုးသားအဆင့်မဟာဗျူဟာ ၁ဝ နှစ်စီမံကိန်း(၂ဝ၁၃-၂ဝ၂၂)ကို ချမှတ်ကာ စီမံကိန်းပါလုပ်ငန်းစဉ်များကိုအလွှာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက် သွားရန် လှုံ့ဆော်သမှုပြုခဲ့ကြပါသည်။
အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ရည်ရွယ် ချက်များအရ အမျိုးသမီးများ၏ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ အကြမ်းဖက်မှုကာကွယ် ရေး၊ လူကုန်ကူးမှုကာကွယ်ရေးလုပ်ငန်းစဉ် များကို ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါသည်။
အထူးသဖြင့် အမျိုးသမီးရေးရာအဖွဲ့ ချုပ်၏ရည်ရွယ်ချက် ခုနစ်ချက်အနက် ပဉ္စမ အချက်ဖြစ်သော ''အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်''ဟူ သောရည်ရွယ်ချက်ကို ယခုတလောဇောင်း ပေး၍လှုပ်ရှားနေကြပါသည်။
ဤနေရာတွင်''ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ''က ၁၁-၁၂-၂ဝ၁၈ ရက်နေ့မှ ၁၂-၁၂-၂ဝ၁၈နေ့အထိ နေပြည် တော်၌ ကျင်းပခဲ့သော ''အမျိုးသမီး ညီလာခံ''တွင် ပြည်နယ်နှင့်တိုင်းအလိုက် အစုအဖွဲ့များက စာတမ်းများဖတ်ကြား ဆွေးနွေးခဲ့ကြသည်ကို ကောက်နုတ်ဖော်ပြ လိုပါသည်။
စာတမ်းအမျိုးအစားလေးမျိုးတင်သွင်း ဆွေးနွေးခဲ့ကြရာတွင် ''အမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်း'' လည်း ပါဝင်ပါသည်။ ထိုစာတမ်းတွင် ''အမျိုးသမီးများအား အကြမ်းဖက်မှုကာ ကွယ်ရေး''ဆွေးနွေးချက်များ ပါဝင်ခဲ့ပါ သည်။
''အမျိုးသမီးများအား အကြမ်းဖက် ခြင်းဆိုသည်မှာ ဆိတ်ကွယ်ရာ၌ဖြစ်စေ၊ အများပြည်သူရှေ့၌ဖြစ်စေ၊ အမျိုးသမီးများ အားရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ် ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ လိင် ပိုင်းဆိုင်ရာအရသော်လည်းကောင်း ထိခိုက် နာကျင်အောင်ဆောင်ရွက်သောလုပ်ရပ်''ဟု ကုလသမဂ္ဂက ဖွင့်ဆိုထားပါသည်။
အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ဝ ရက်နေ့အထိ (၁၆) ရက်တာလှုပ်ရှားမှုကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။
၁၉၆ဝပြည့်နှစ်က ဒိုမီနီကန်နိုင်ငံတွင် စစ်အာဏာရှင်များ၏ သတ်ဖြတ်မှုကိုခံခဲ့ရ သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ညီအစ်မ သုံးဦး အသတ်ခံခဲ့ရသည့် နိုဝင်ဘာလ(၂၅) ရက်နေ့ကို အကြောင်းပြုလှုပ်ရှားခဲ့ရာမှ နှစ်စဉ်ထိုနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကို ''အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့'' အဖြစ် သတ်မှတ်ခဲ့ပြီး ၂ဝ၁၈ခုနှစ်က ''အကြမ်း ဖက်မှုပပျောက်ရေး၊ အမျိုးသမီးများအသံ နားထောင်ပေး''ဟူသော ဆောင်ပုဒ်ကို ထုတ်ပြန်ကာ လှုပ်ရှားခဲ့ကြပါသည်။
နိုင်ငံတကာအကြမ်းဖက်မှုများနှင့် မြန်မာ နိုင်ငံ
ကမ္ဘာ့နိုင်ငံအသီးသီးရှိအမျိုးသမီးများ အနိုင်ကျင့်အကြမ်းဖက်နှိပ်စက်ခံရမှုများ၊ ဗလက္ကာရပြုကျင့်ခံရမှုများ၊ လိင်ကျွန်ပြည့် တန်ဆာပြုလုပ်ခံရမှုများ၊ လူကုန်အကူးခံရ မှုများကား လျော့နည်းမသွားဘဲတိုးပွား၍ ပင် အဖြစ်များနေကြပါသည်။
၂ဝ၁၃ခုနှစ်က ကုလသမဂ္ဂမှထုတ်ပြန် ချက်အရ မိန်းကလေးများ ညဘက်ထွက် လျှင် ကြောက်စရာ အကောင်းဆုံးမြို့မှာ ''အင်ဒိုနီးရှား''ရှိ ''ဂျာကာတာ''မြို့ဖြစ် ကြောင်း၊ ဟွန်ဒူးရပ်နိုင်ငံရှိ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှာ ရာခိုင်နှုန်း၂ဝဝရှိသည် ဟု ထိတ်လန့်ချောက်ချားဖွယ်အခြေအနေကို ကြေညာထားကြောင်း၊ ကမ္ဘာပေါ်မှာ အမျိုး သမီးများအခွင့်အရေးဆုံးရှုံးသော နိုင်ငံများ ထဲတွင် ''တူရကီနိုင်ငံ''ပါဝင်ကြောင်း နိုင်ငံပေါင်း ၁၃၆နိုင်ငံထဲတွင် အဆင့် ၁၂ဝ မျှရှိကြောင်း၊ ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်းမှာ ပင် အမျိုးသမီး ၂၈ဝဝဝ အသတ်ခံရ ကြောင်းသိရပါသည်။
လူဦးရေများပြားလှသည့် အိန္ဒိယနိုင်ငံ တွင် အမျိုးသမီးငယ်လေးများ လိုင်းကား များပေါ် လူမြင်ကွင်းများတွင် ပေါ်တင်ကြီး ဗြောင်ကျကျ၊ အနိုင်ကျင့်အစော်ကားခံကြရ၊ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုလိုက်မိုက်ရိုင်း ယုတ်မာစွာ ရက်ရက်စက်စက်ပြုကျင့်ခံကြရ၊ ထို့ကြောင့်နာကြည်းခံပြင်းနေကြသော လူထု ကြီးက အြုံ<ွကဆန္ဒပြခဲ့ကြပါသည်။သြစတြေး လျနိုင်ငံမှာ နေ့စဉ်နှင့်အမျှ တက္ကသိုလ် ကျောင်းသူခြောက်ဦးခန့် မိုက်ရိုင်းစော်ကား မှုဒဏ်ကို ခံနေကြရသည့်သတင်းကို ဖတ်ရှု ရသဖြင့် ရင်နင့်အံ့အားသင့်သွားခဲ့ရပါသည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများရှိ အမျိုးသမီးများထဲမှသုံးဦး တွင် တစ်ဦးသည်အကြမ်းဖက်မှုဒဏ်ကိုခံနေ ရပါသည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည် မှာ မိသားစုအတွင်းရေးအရှုပ်အထွေး ပြဿနာများ(လင်ယောက်ျားများက ဇနီး မယားများကို နှိပ်စက်ညှဉ်းပန်းမှုများ)နှင့် အိမ်ရှင်များက အိမ်ဖော်များကို နှိပ်စက် ညှဉ်းပန်းမှုများပင်ဖြစ်ကြပါသည်။
နိုင်ငံပေါင်း ၈၁နိုင်ငံတွင် လေ့လာချက် အရအာရှတိုက်မှ အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို အများဆုံး ခံစားနေကြရပြီး ထိုအထဲမှ အရှေ့တောင် အာရှသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိ ကနိုင်ငံများထက် အိမ်တွင်းအကြမ်းဖက်မှု ဒဏ်ခံရသူ ပိုမိုများပြားနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမော၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်းနှင့်မြန်မာနိုင်ငံတို့တွင် အိမ်တွင်းအကြမ်းဖက်မှု ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ၃၇ ရာခိုင်နှုန်း၊အာဖရိက ဆာဟာရအောက် ပိုင်းနိုင်ငံများတွင် ၃၆ ဒသမ၆ ရာခိုင်နှုန်း၊ ချမ်းသာသော မြောက်အမေရိက၊ ဥရောပ သမဂ္ဂနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင် ၂၃ ဒသမ ၂ရာခိုင်နှုန်းစသည်ဖြင့် အိမ် တွင်းအကြမ်းဖက်မှုမျိုးစုံကို ခံစားနေကြရ ပါသည်။
ကမ္ဘာအရပ်ရပ်မှာရော မြန်မာနိုင်ငံမှာ ပါ အမျိုးသမီးများအား မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ကျေးကျွန် ပြုမှု၊ လူကုန်ကူးမှုရှိနေရာ သက်ဆိုင်ရာ နိုင်ငံများအလိုက် အမျိုးသမီးများအား အကာအကွယ်ပေးနိုင်သော ဥပဒေများကို ဘာသာရေး၊ ဓလေ့ထုံးစံအရ ပြဋ္ဌာန်းဆောင် ရွက်နေကြပါသည်။ သို့သော် မြန်မာနိုင်ငံက အခြားနိုင်ငံများထက် ကာကွယ်ပေးနိုင်သော ဥပဒေများ ပြဋ္ဌာန်းထားပါသည်။
လက်လှမ်းမီသမျှ ကောက်နုတ်ဖော်ပြ ရလျှင် (၁) ရာဇသတ်ကြီးဥပဒေပုဒ်မများ ဖြစ်ကြသော မုဒိမ်းမှုပုဒ်မ-၃၇၆၊ (၂)ဓမ္မတာ နှင့်ဆန့်ကျင်ပြီး ကျူးလွန်မှု ပုဒ်မ-၃၇၇၊ (၃) သွေးဆောင်ဖြားယောင်းခိုးယူပေါင်း သင်းမှု ပုဒ်မ -၃၆၃/၃၆၅/၃၆၆၊ (၄) အဆိပ်၊ ထိုင်းမှိုင်းစေသော ဆေးခတ်မှု ပုဒ်မ -၃၂၈၊ (၅) ကာမလိမ်လည်မှု ပုဒ်မ-၄၁၇ (၆)၊ နာကျင်စေမှု ပုဒ်မ-၃၁၉/၃၂ဝ/၃၂၃/ ၃၂၄/၃၂၅/၃၂၆၊ (၇) ကာယိနြေ္ဒဖျက်ဆီးမှု ပုဒ်မ -၃၅၄၊ (၈)အသရေဖျက်မှု ပုဒ်မ-၅ဝဝ၊ (၉) ခြိမ်းခြောက်မှုပုဒ်မ-၅ဝ၃/၅ဝ၆/ ၅ဝ၇ စသည့်ပုဒ်မများဖြစ်ပါသည်။ ထို့ပြင် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃ကိုလည်း ပြဋ္ဌာန်းထားပါ သည်။ မုဒိမ်းမှုပုဒ်မ ၃၇၆(ခ)အရ မိမိ၏ ဇနီးမယားအလိုမတူဘဲ အတင်းအဓမ္မပြု ကျင့်သော ခင်ပွန်းကို ယခင်က ထောင်ဒဏ် နှစ်နှစ်သာချမှတ်ရန် ပြဋ္ဌာန်းထားသော် လည်း ယခုထောင်ဒဏ်နှစ် ၂ဝသို့လည်း ကောင်း၊ သက်ငယ်မုဒိမ်းမှုကိုလည်း ထောင် ဒဏ်နှစ် ၂ဝသို့လည်းကောင်း တိုးမြှင့်သတ် မှတ်ထားပါသည်။
အမျိုးသမီးများအား အကြမ်းဖက်မှုများ မှာ ကာကွယ်ရေးအတွက် ဥ