images
UN
UN
တိုက်ကြီးမြို့နယ် အလဘုတ်ကျေးရွာတွင် လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်ခြောက်လုံး အမိုးလန်၍ ဘုန်းတော်ကြီးရှိ နတ်လမ်းပျက်စီး
ထွန်းလှိုင်(မြိုင်) Monday, 01 July 2019
ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အနောက်ဘက် အလဘုတ်ကျေး ရွာတွင် ယနေ့ နံနက် ၂နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်ခြောက်လုံးနှင့် အလဘုတ် ဘုန်းတော်ကြီး နတ်လမ်းများ ပျက်စီးသွားပြီး ဓာတ်တိုင်များ ကျိုးသွားကြောင်း အလဘုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့် ဆွေကပြောသည်။
နေအိမ်ခြောက်လုံးတွင် အိမ် ထောင်စုခြောက်စုဖြစ်၍ လူဦးရေ ၃၅ ယောက်ရှိကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း၃ဝဆုံးရှုံး၍ လေဘေး သင့်ကာ နေရာအခက်အခဲရှိသူ များကို ဘုန်းတော်ကြီးကျောင်းတွင် နေရာစီစဉ်ပေးထားကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
''ကျွန်တော်တို့ပျက်စီးသွားတဲ့ အိမ်တွေကိုရှင်းလင်းပြီး ပြုပြင်ဖို့ လုပ်နေပါတယ်၊ မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေကိုလည်း အကြောင်းကြားထားပါတယ်''ဟု အလဘုတ်ကျေးရွာပရဟိတအဖွဲ့မှ ကိုဝဏ္ဏကပြောသည်။
ည၁ဝနာရီ မှစတင်၍ မိုးရွာ သော်လည်း ည ၁၂နာရီ မှစ၍ မိုးနှင့်လေပြင်းများ တိုက်ခတ် ကြောင်း အိမ်ပြိုသည့်အသံများ၊ သွပ်သံများ၊ အော်ဟစ်သံများ ကြားရကြောင်း အလဘုတ်ကျေး ရွာဒေသခံများ ပြောပြချက်အရ သိရသည်။
''ကျွန်တော်တို့ခရိုင်အဆင့်၊ တိုင်းအဆင့်တွေကို အလဘုတ် ကျေးရွာနေအိမ်ခြောက်လုံး ပြိုကျ၍ ဘုန်းကြီးကျောင်းနတ်လမ်း ပျက်စီး မှုအား တင်ပြထားပါတယ်၊ ကျွန် တော်တို့အနေနဲ့လည်း ကွင်းဆင်း ကူညီဆောင်ရွက်နေပါတယ်'' ဟု တိုက်ကြီးမြို့နယ်အထွေထွေဦးစီး ဌာနမှဒုတိယဦးစီးအရာရှိ ဦးအောင် ကျော်က ပြောသည်။