images
UN
UN
လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
မေနဒီမြနွယ် Monday, 01 July 2019
ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂ လားပင်လယ်အော်မြောက်ပိုင်း တွင် ဆက်လက်တည်ရှိနေပြီး ပိုမို အားကောင်းလာကာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန် ချက်အရ သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂ လားပင်လယ်အော်တို့တွင် မုတ်သုံ လေအားကောင်းရာမှ အားအလွန် ကောင်းနေလျက်ရှိနေပြီး မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းကြီးမည်။ မိုးသက်လေ ပြင်းကျစဉ် ရေပြင်/ မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ၁၃ပေခန့်အထိရောက်ရှိနိုင် ကြောင်းနှင့်နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ ရခိုင်ကမ်းရိုးတန်း ဒေသများတွင် မိုးဆက်လက်ပိုနေ မည်ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။