ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး
ပြည်ခိုင်ဖြိုးပါတီအခမဲ့ဆေးဝါးကုသပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး
Monday, 01 July 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့်ဇနီးဒေါ်ခင်မျိုးဌေးတို့သည် ယနေ့နံနက်ပိုင်းက ကံမမြို့နယ် သာသနာ့ ဗိမာန်တွင် ပြည်သူလူထု သုံးရာကျော်အား ပြည်ခိုင်ဖြိုးပါတီဆေးကုသရေးအဖွဲ့မှ တတိယနေ့အဖြစ် ဆေးကုသပေးမှုကို သွားရောက်အားပေးခဲ့ကြောင်း သိရသည်။ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့ဖြင့် နိုင်ငံတစ်ဝန်းလှည့်လည်ပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့ တွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် သာသနာ့ဗိမာန်၌ တတိယနေ့အဖြစ် ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ဆရာ တော်၊ သံဃာတော်များ၊ ရှင်သာမဏေငယ်များအား ကျန်းမာ ရေးဆေးစစ်မှုများအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အခြား ရောဂါဝေဒနာ စစ်ဆေးကုသမှုများနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်းတို့အား ပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ နယ် လှည့်ဆေးကုသရေးအဖွဲ့ထံသို့ ကျေးလက်နေ မျက်စိဝေဒနာရှင် များကလည်း ထပ်မံပြီး လာရောက်ဆေးကုသပေးရန် တောင်းဆို နေကြကြောင်း သိရသည်။
မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သွားရောက်ကုသ ပေးရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြန်လည်ပြောဆိုခဲ့ ကြောင်း သိရသည်။