images
UN
UN
လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာအဖွဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို ပထမအကြိမ်စုပေါင်းသွေးလှူ
မမောင်(ချိကယ်သူ) Monday, 01 July 2019
ကယားပြည်နယ် လွိုင်ကော် မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးလှူဘဏ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ် ပြုကြိုဆိုသောအားဖြင့် လွိုင် ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့မှ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပရာ လာရောက်လှူဒါန်းသူ ၃ဝကျော်အနက် သွေးဖောက်စစ် ဆေးရာ စုစုပေါင်း ၁ဝဦးသွေးလှူဒါန်းနိုင်ခဲ့ပြီး သွေးလှူ ဒါန်းသူများအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဒေါရစ်လေးက အာဟာရအတွက် သွေးလှူရှင်တစ် ဦးကို ကြက်ဥ ၁ဝလုံးစီ ပေးအပ် လှူဒါန်းပြီး ၄င်းသွေးလှူရှင် များအား နေ့လယ်စာဖြင့် ကျွေး မွေးခဲ့သည်။
ယင်းစုပေါင်းသွေးလှူဒါန်းပွဲသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များဖြစ်ကြ သော ဒေါ်ဒေါရစ်လေး (ပြည်နယ် အမျိုးသမီးရေးရာတာဝန်ခံ)၊ ဒေါ်ဗျားမြာမောင်(ပြည်နယ်အမျိုး သမီးရေးရာ ဒု-တာဝန်ခံ)၊ ဒေါ်နန်း ယဉ်သီတာထွေး(ပြည်နယ်လူငယ် ရေးရာဒု-တာဝန်ခံ)၊ ဒေါ်ခင်မေ လတ်(လွိုင်ကော်ခရိုင် အမျိုးသမီး ရေးရာတာဝန်ခံ)၊ ဒေါ်နှင်းနှင်းရီ (လွိုင်ကော်မြို့နယ် အမျိုးသမီးရေး ရာတာဝန်ခံ)၊ ဒေါ်ခင်သန္တာထွန်း (လွိုင်ကော်မြို့နယ် အမျိုးသမီးရေး ရာဒု-တာဝန်ခံ)နှင့် ရပ်ကွက်ကျေး ရွာ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ တက်ရောက် ကြောင်း သိရသည်။