images
UN
UN
H1N1 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရာသီတုပ်ကွေးရောဂါအသိပညာပေးဟောပြောပွဲကျင်းပ
ဖြိုးဝေလင်း(ကျောက်ဖြူ) Wednesday, 03 July 2019
ကျောက်ဖြူမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စန္ဒကူးခန်းမတွင်H1N1 ရောဂါကြို တင်ကာကွယ်ရေးနှင့် ရာသီတုပ် ကွေးရောဂါအသိပညာပေးဟာပြော ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောက်ဖြူ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက် တာနေလင်း၊ လ/ထဆေးရုံးအုပ် ဒေါက်တာနီနီဝင်းတို့က H1N1 ရောဂါသည် လူ့အသက်အန္တရာယ် ကိုစိုးရိမ်ရသည်အထိ အန္တရာယ် ပေးတတ်သော ရောဂါဖြစ်သည့် အတွက်အထူးဂရုပြုပြီး နေထိုင်ကြ ရန်၊ံH1N1 ရောဂါလက္ခဏာသည် ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းအားကုန်ခြင်း၊ ဝမ်းလျှော ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊လည် ချောင်းနာခြင်း၊နှာစေးနှာပိတ်ခြင်း၊ မူးဝေအော့အန်ခြင်းစသည် ရောဂါ လက္ခဏာများဖြစ်ပေါ်လာကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မိုး ရာသီတွင် စတင်ဖြစ်ပွားတတ်ကာ ၁၉၆၅ခုနှစ်တွင် မြန်မာပြည်ကို စတင်ဒုက္ခပေးခဲ့ကြောင်း၊ သွေးလွန် တုပ်ကွေးသည် ရေကြည်ရေသန့်မှ တစ်ဆင့်ပေါက်ပွားသည့် ခြင်ကျား များမှတစ်ဆင့် ကူးစက်ရောဂါဖြစ် ပွားလာကြောင်း၊ ရာသီတုပ်ကွေး လက္ခဏာနှင့် ရောဂါဖြစ်ပွားပုံ၊ ရောဂါကာကွယ်နေထိုင်ရမည့်နည်း လမ်းများအား ဏသတနမ ဏသငညအ ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ဒေါက်တာမြတ် စိုးခိုင်(သွားနှင့်ခံတွင်း)က သွား ကျန်းမားရေးနှင့်သွားတိုက်ပုံအဆင့် ဆင့်အားလည်းကောင်း၊မြို့နယ်ကျန်း မာရေးမှူး ဒေါ်စန်းစန်းနွယ်က သန့်လေးသန့်ဖြင့် နေထိုင်ရမည့် အကြောင်းကိုလည်းကောင်း၊ မြို့ နယ်သူနာပြုဆရာမဒေါ်စိန်အုန်းမြင့် က ကျောင်းသားကျောင်းသူများ အား လက်ဆေးနည်းအား လက် တွေ့သရုပ်ပြပေးခဲ့သည်။ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေ သောသွေးလွန်တုပ်ကွေးကင်းဝေး ရေးနှင့်ရာသီတုပ်ကွေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့် ဝေပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာနေလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နု၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့်အထက (၃)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ဖြင့် နားထောင်ခဲ့ကြကြောင်း သိရ သည်။