images
UN
UN
အဝလွန်ခြင်းသည် ဆေးလိပ်သောက်ခြင်းထက် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ ပိုများဟုဆို
Wednesday, 03 July 2019
ဗြိတိန်ကင်ဆာသုတေသနဖောင်ဒေးရှင်းက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ အဝလွန်ခြင်းသည် ဆေးလိပ်သောက်ခြင်းထက် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ ပိုများ သည်ဟု တွေ့ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ဗြိတိန်ကင်ဆာဖောင် ဒေးရှင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်အတွင်း၌ အဝလွန်ခြင်းကြောင့် ဖြစ်ပွား နိုင်သော ကင်ဆာရောဂါများထဲတွင် အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သားအိမ် ကင်ဆာနှင့် အသည်းကင်ဆာများ ပါဝင်လျက်ရှိကြောင်း၊ အဝလွန်သူများသည် ဆေး လိပ်သောက်သူများနှင့်နှိုင်းယှဉ်ကြည့်လျှင် အဆိုပါကင်ဆာရောဂါလေးမျိုး ဖြစ်ပွားနိုင် ခြေပိုမိုမြင့်မားကြောင်း ဖော်ပြသည်။ ဗြိတိန်နိုင်ငံအတွင်း၌ အဝလွန်သူဦးရေ တိုးပွား လျက်ရှိသောကြောင့် လာမည့်ဆယ်စုနှစ်ပိုင်းများအတွင်း၌ အဆိုပါကင်ဆာရောဂါဖြစ် ပွားသူဦးရေ မြင့်တက်လာဖွယ်ရှိနေကာ အဝလွန်မှုများကို လျှော့ချပေးမည့်စီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်ဖွယ်ရှိနေသည်။ NG(Ref; BBC)