images
UN
UN
မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်စဉ်များနှင့် Facebook ၏ အကျိုးဆက်များ
ပြည့်ဖြိုးနိုင် Thursday, 04 July 2019
၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစတင် ကာ ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် တိုက်ပွဲများပိုမိုဖြစ်ပွားလာခဲ့သည့် AA သောင်းကျန်းသူအဖွဲ့က ဆိုရှယ်မီဒီယာ များနှင့်အွန်လိုင်းပေါ်တွင် ပြုလုပ်ခဲ့သည့် ဝါဒဖြန့်ချိမှုများကိုကြည့်လျှင် နည်းပညာ ကုမ္ပဏီများအနေဖြင့် ၄င်းတို့ပေးအပ်နေ သော ဝန်ဆောင်မှုများကို အသုံးပြုကာ အမုန်းစကားဖြန့်ချိမှုများအား ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းနည်းပါးနေဆဲဖြစ်သည်ဟု တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့်ဖေဖော် ဝါရီလအတွင်း၌ မြန်မာနိုင်ငံတွင် သုံးစွဲ သူအများဆုံးဆိုရှယ်မီဒီယာအဖြစ် ရပ် တည်လျက်ရှိသော Facebook သည် အရပ်သားများအား ပစ်မှတ်ထားသည့် အပြုအမူများ ကျူးလွန်ခဲ့သည်ဟု သတ် မှတ်ကာ မြန်မာနိုင်ငံအတွင်း၌ လှုပ်ရှား နေသော လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အား ၄င်း၏ဝန်ဆောင်မှုများကို အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု ခေါ်ဆို ကြသော AA ၊ TNLA ၊ KIA နှင့် MNDAA အဖွဲ့များ၏ တရားဝင်Ac- count များနှင့် Pages များ၊ ၄င်းတို့ နှင့် ဆက်စပ်နေသော သုံးစွဲသူများကို အသုံးပြုခွင့်ပိတ်ပင်ရန် Facebook က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပဋိပက္ခဖြစ်စဉ် များ ဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင် နေခြင်းကြောင့် အဆိုပါအဖွဲ့များအား အသုံးပြုခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု Facebook ၏ သတင်းထုတ်ပြန်ချက် အတွင်း၌ ဖော်ပြခဲ့သည်။ သို့သော် ရက် အနည်းငယ်ခန့်အကြာတွင် Facebook ဘက်မှ ထိုကဲ့သို့အသုံးပြုခွင့် ပိတ်ပင်ခဲ့ ခြင်းသည် အကျိုးသက်ရောက်မှုရှိသော လုပ်ဆောင်ချက်မျိုးမဟုတ်ဟု တွေ့ရှိခဲ့ရ သည်။ ပိတ်ပင်မှုပြုလုပ်ခဲ့သော်လည်း အဆိုပါအဖွဲ့များနှင့် ဆက်စပ်နေသော Pages များစွာ ဆက်လက်ပေါ်ထွက်လာ ခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်သောင်းကျန်းသူများကို အားပေးထောက်ခံသည်ဟု သတ်မှတ်ရ မည့် Account များနှင့် Pages များပါ ဆက်လက်ပေါ်ထွက်လာခဲ့သည်။ ပေါ် ထွက်လာခဲ့သည့် Pages များ၏ Account များထဲတွင် AA သောင်းကျန်းသူ အဖွဲ့အား အားပေးထောက်ခံသည်ဟု သတ်မှတ်ရမည့်သူများစွာ ပါဝင်ခဲ့သည့် အပြင် AA သောင်းကျန်းသူအဖွဲ့ကို အထောက်အကူဖြစ်စေမည့် ဝါဒဖြန့်ချိမှု များကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင် ခဲ့ကြသည်။
လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာနိုင်ငံအား ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေခဲ့သည့်ဖြစ်စဉ်များဖြစ်ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခ များ၏ သက်တမ်းမှာ နှစ်ပေါင်း ၇ဝ နီးပါးခန့် ရှိနေပြီဖြစ်သည်။ ဒါဇင်နှင့်ချီ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များ ရရှိရေးဆိုသည့် ရည်မှန်း ချက်ဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Facebook က အသုံးပြုပိတ်ပင်ခဲ့သော မြောက်ပိုင်းမဟာ မိတ်အဖွဲ့သည် ပြီးခဲ့သည့်နှစ်ပိုင်းများ အတွင်း၌ တပ်မတော်နှင့်တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၄ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်း လေးခုအား AA သောင်းကျန်းသူအဖွဲ့က သာလွန်အင်အား ဖြင့် ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီးနောက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲ များ ပိုမိုဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ AA သောင်းကျန်းသူအဖွဲ့သည် ရခိုင် ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနိုင်ရန် အတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် နေခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူဦးရေအများဆုံးဖြစ်သော ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများအတွက် တိုက်ပွဲ ဝင်နေသည်ဟုြေ<ွကးကြော်ထားသော AA သောင်းကျန်းသူအဖွဲ့သည် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည့် ARSA အကြမ်းဖက်အဖွဲ့နှင့် တိုက်ခိုက်မှုဖြစ်ပွား ခြင်းမရှိခဲ့ပေ။ ARSA အကြမ်းဖက်အဖွဲ့ သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစ္စ လာမ်ဘာသာဝင်များဖြစ်သော ဘင်္ဂါလီ များအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည် ဟု အတည်ပြုထားသည့်အဖွဲ့လည်းဖြစ် သည်။
၂ဝ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သော ဗျွှဗ အကြမ်းဖက် အဖွဲ့နှင့် ဗဗ သောင်းကျန်းသူအဖွဲ့ကြား တွင် အချိတ်အဆက်များရှိနေပြီး သဘော တူညီမှုရယူထားခြင်းကြောင့် တိုက်ပွဲများ မဖြစ်ပွားခြင်းဖြစ်သည်ဆိုသော သုံးသပ် မှုများလည်း ရှိနေသည်။ ၂ဝဝဝ ပြည့် နှစ်နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သော AA သောင်းကျန်းသူအဖွဲ့အာှးုဗ အဖွဲ့ အခြေစိုက်သည့် ကချင်ပြည်နယ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်တိုင်းရင်း သားများအတွက် တိုက်ပွဲဝင်နေသည်ဟုြေ<ွကးကြော်နေသော ဗဗ သောင်းကျန်းသူ အဖွဲ့သည် ရခိုင်ပြည်နယ်၌ အခြေစိုက် လှုပ်ရှားနိုင်ရန် ကြိုးပမ်းလျက်ရှိသော် လည်း တပ်မတော်က AA သောင်းကျန်း သူအဖွဲ့၏ သမိုင်းနှင့် ထူထောင်ခဲ့သည့် အခြေအနေများအရ ရခိုင်ပြည်နယ်တွင် အခြေစိုက်လိုခြင်းအား လက်ခံခြင်းမရှိ ပေ။ လက်ရှိအချိန်၌ AA သောင်းကျန်း သူအဖွဲ့၏ အင်အားမှာ ၇ဝဝဝခန့်ရှိသည် ဟု ခန့်မှန်းထားသည်။ ၂ဝ၁၆ ခုနှစ်ခန့် မှစတင်ကာ AA သောင်းကျန်းသူအဖွဲ့ သည် ရခိုင်ပြည်နယ်အတွင်း၌ အခြေစိုက် နယ်မြေထူထောင်နိုင်ရန် ရည်မှန်းကာ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့ပြုလုပ်လာ ခဲ့ခြင်းဖြစ်သည်။
(Ref; Facebook keeps Failing in Myanmar By Elise Thomas)
(ဆက်လက်ဖော်ပြပါမည်)