images
UN
UN
ရခိုင်ပြည်နယ်အရေးအတွက် မြန်မာအစိုးရအား ဖိအားပေးမှုများ ပိုမိုပြုလုပ်ရန် တောင်းဆို
NG Thursday, 04 July 2019
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်း အဝေးများတွင် ရခိုင်ပြည်နယ် အရေးအတွက် မြန်မာအစိုးရအား ဖိအားပေးမှုများ ပိုမိုပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံအများစုက တောင်းဆို ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအတွင်း ၌ ဖော်ပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း က ကျင်းပခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံ တွင် အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်ခဲ့ ကာ ကုလသမဂ္ဂအဖွဲ့က ခန့်အပ် ထားသော မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးအစီရင်ခံစာတင်သွင်း သည့် အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူနေသော ယန်ဟီးလီက ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက် ပြေးခဲ့သော နေရပ်စွန့်ခွာထွက်ပြေး ခဲ့သူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း၌ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကျပ်အတည်းများ ရင်ဆိုင်ရလျက်ရှိကြောင်း၊ နေရပ် စွန့်ခွာထွက်ပြေးခဲ့သူများအတွက် မြန်မာအစိုးရဘက်မှ တာဝန်ယူမှု များ ပြုလုပ်ပေးရမည်ဖြစ်သော် လည်း လက်ရှိအချိန်အထိ လုပ် ဆောင်နေမှုများမှာ အားရဖွယ် အခြေအနေမရှိခြင်းကြောင့် မြန်မာ အစိုးရအား ဖိအားပေးမှုများပိုမို ပြုလုပ်ရန်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်များအား ရာဇဝတ်မှုဆိုင်ရာ နိုင်ငံတကာ ခုံရုံးတွင် စစ်ဆေးပြီးနောက် အရေး ယူမှုများ ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။