images
UN
UN
ပုံမှန်ဝင်ငွေဖော်ဆောင်ပေးနေသည့် ကျောက်ဆည်မြို့မှ စက္ကူဆင်ရုပ်လုပ်ငန်း
Monday, 08 July 2019
ကျောက်ဆည်မြို့မှစက္ကူဆင် ရုပ်လုပ်ငန်းမှာ နေ့စဉ်ပုံမှန်ဝင် ငွေဖော်ဆောင်ပေးလျက်ရှိပြီး မိ သားစုလုပ်ငန်းအဖြစ် နေ့စဉ်လုပ် ကိုင်လျက်ရှိကြောင်း သိရသည်။ ဆင်ရုပ်ပြုလုပ်ရာတွင် အပိုင်း လိုက် အလုပ်ခွဲခြားလုပ်ကိုင်ကြ သည်။မိုကြမ်းပြုလုပ်သည့်အဆင့်၊ ခုံရိုက် အစွယ်ထိုးအဆင့်၊ ဆေး ခြယ်သည့် အဆင့်၊ ရွှေချည်ထိုး တပ်ဆင်သည့်အဆင့်များကို ပြု လုပ်ပေးရသည်။
ဆင်ရုပ်အကြမ်းပြုလုပ်သည့် လုပ်ငန်းစဉ်တွင်မိုပေါ်စက္ကူများကို ကော်ဖြင့်ကပ်ကြရသည်။ စက္ကူ ကပ်ပြီးသည်နှင့် နေလှန်းကြရ သည်။ မိနစ် ၂ဝ မှမိနစ် ၃ဝခန့် နေလှန်းပြီး ခြောက်သွားပါက မိုပေါ်မှအရုပ်ကို ဓားဖြင့်ခွဲယူကာ တစ်ဆက်တည်းဖြစ်စေရန် ပြန် လည်ဖာထေးပေးကာ နေပြန်လှန်း ပေးရသည်။ ဆင်ရုပ်မို အရွယ် အစားခုနစ်မျိုးအထိရှိသည်။ လူ တစ်ဦးလျှင် ဆင်ရုပ်နှစ်ပေခန့် အရုပ် ၁ဝ ရုပ်အထိ ပြီးစီးအောင် လုပ်နိုင်သည်။ မိသားစုလေးဦး စုပေါင်းလုပ်ကိုင်ပါကတစ်နေ့လျှင် ဆင်ရုပ်ငယ်အကြမ်း ၇ဝမှ ၉ဝ ကျော်အထိပြီးစီးနိုင်သည်။ မို ကြမ်းအဆင့်တွင်ဆင်ရုပ်ငယ်တစ် ရုပ်လျှင်ငွေကျပ် ၂ဝဝဖြင့် ဖောက် သည်ပေးကြရသည်။အလတ်နှင့် အကြီးများကိုမူ အရွယ်အစား အလိုက် ဈေးနှုန်းပိုသွားသည်။
ဆင်ရုပ်ပြုလုပ်သူများမှာ မို ကြမ်းကပ်ခြင်းမှအစဆေးခြယ် ခြင်း၊ ရွှေချည်ထိုးခြင်းများကို ကျွမ်းကျင်ကြရသည်။ ကျောက် ဆည်မြို့ ဖောင်ရွာတွင်အိမ်ခြေသုံး ရာခန့်ရှိပြီး တစ်ရွာလုံးနီးပါး ဆင် ရုပ်ငယ်များ ပြုလုပ်ရောင်းချကြ သည်။ ဆင်ရုပ်ရောင်းသည့် ဆိုင် များကို ဖောက်သည်ပေးခြင်းများ အပြင် ကျောက်ဆည်ဆင်ပွဲတွင် ကိုယ်တိုင်ရောင်းချသည်လည်းရှိ သည်။ လက်ရှိကာလတွင် ဆင် ရုပ်ရောင်းအားကောင်းသည့်အတွက် ဆင်ရုပ်အကြမ်းပြုလုပ်သူများမှာ အချိန်နှင့်တစ်ပြေးညီပြုလုပ်ပေး နေရပြီး ဆင်ရုပ်ကုန်ချောပြုလုပ် ရောင်းချသူများမှာလည်း ခုံရိုက် အစွယ်ထိုးအဆင့်၊ ဆေးခြယ် သည့်အဆင့်၊ ရွှေချည်ထိုးတပ် ဆင်သည့်အဆင့်များ ပြုလုပ်ရန် အဆင့်ဆင့်အပ်နှံကာ ပြုလုပ်နေ လျက်ရှိကြောင်း သိရသည်။