images
UN
UN
ခေါင်းဆောင်နှင့်နိုင်ငံများ၏အနာဂတ်
နေဇင်လတ် Monday, 08 July 2019

နှစ်တိုင်း ကမ္ဘာပေါ်တွင် ကဏ္ဍစုံမှ သုတေသနစာတမ်းများ ''သိန်း''နှင့် ချီ၍ ထွက်ပေါ်လာခဲ့ရာ ''ခေါင်းဆောင် မှု''နှင့်ပတ်သက်သော စာတမ်းက အများဆုံးဖြစ်နေဆဲ။ ရှင်းလှပါသည်။ ခေါင်းဆောင်မှုမည်မျှ အရေးပါသည်၊ မည်မျှအလေးထားသည်ကို ညွှန်းဆိုနေ သောကြောင့်ဖြစ်ပါ၏။
ကမ္ဘာကျော် LSE – London School of Economics မှ တရုတ် အမျိုးသမီး ပရော်ဖက်ဆာကေယူဂျင်း (Keyu Jin )၏စကားကိုတစ်ဆင့် ဖြန့် ကြက်တွေးလျှင် ခေါင်းဆောင်မှု၏ အရေးပါပုံကို တွေ့ရပါလိမ့်မည်။
The unintended Couse force of the trade war is to make China Stronger .
Sometime, trade negotiation lost are better than trade negotiationwon
ရည်မှန်းမထားသော ကုန်သွယ်ရေး စစ်ပွဲရဲ့ အကျိုးတရားဟာ တရုတ်ကို ပိုသန်စွမ်းစေခဲ့တယ်။ တစ်ခါတလေမှာ ကုန်သွယ်ရေးညှိနှိုင်းမှုက ဆုံးရှုံးမှုတွေ ဟာ ညှိနှိုင်းအောင်မြင်မှုထက် ပိုကောင်း နေတတ်တယ်ဟူသောအဓိပ္ပာယ်ရပါ၏။
ထိုအကျိုးတရားသည် တရုတ်တို့ အိပ်နေ၍မရနိုင်၊ တရုတ်တွေ အလုပ် လုပ်ကြရမည့်အပြင်၊ ခေါင်းဆောင်မှုမှန် ကန်အား ကောင်းပါမှလည်း ရနိုင်မည့် အခွင့်အလမ်းဖြစ်သည်ကို ဆင်ခြင်နိုင်ရ ပါလိမ့်မည်။
တစ်ချိန်က မြန်မာနိုင်ငံတော်များ
မြန်မာ့သမိုင်းတွင် 'ရာ'ဂဏန်းနှင့် ချီသောမင်းဧကရာဇ်များ ရှိခဲ့ပါသော် လည်း အဘယ်ကြောင့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ လက် ထက်တွင်ကျမှ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယ မြန်မာနိုင်ငံတော် ဟူ၍ သမိုင်းတွင်ခဲ့ရ ပါသနည်း။
ခေါင်းဆောင်မှု ကောင်းခဲ့သော ကြောင့်ဟု အတိုဖြေရပါလိမ့်မည်။ ယနေ့မြန်မာနိုင်ငံထက် ဧရိယာအကျယ် အဝန်းကြီးမားပြီး၊ ပြည်သူတို့စည်းရုံး သော၊ ကြောင့်ကြမှုကင်းဝေးသော၊
စီးပွားရေးကောင်းမွန်သော ဝန်းကျင် ကောင်းတို့နှင့် ဖြစ်တည်ခဲ့ရသည်။ အာ ဏာရှင်ထက်ဆိုးသော 'သက်ဦးဆံပိုင်' ခေတ်တွင်းမှာပင် 'စုစည်းသာယာဝပြော သောမြန်မာနိုင်ငံတော်'အဖြစ် မြန်မာတို့ ရောက်ခဲ့ဖူးပါ၏။ ပြည်သူတို့၏အသက် ကိုပင် ပိုင်ဆိုင်သော၊ ဒီမိုကရေစီ၊ လူ့ အခွင့်အရေးမပြောတတ်သေးသောခေတ် ဖြစ်ပါ၏။ ချင့်ချိန်စဉ်းစားနိုင်ကြရန် ဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီက အဓိကလား၊ ခေါင်းဆောင်မှု အရည် အချင်းက အဓိကလားဟူသော စိန်ခေါ်မှု လမ်းဆုံကို ယနေ့ကမ္ဘာကြီးရော၊ မြန်မာ ရော ရောက်ရှိနေခဲ့လေပြီ။ ရှေးပဝေ သဏီ သက်ဦးဆံပိုင်ခေတ်မှစ၍ မျက် မှောက်ကာလ အစိုးရများအနေဖြင့် အဓိကတာဝန်နှစ်မျိုးသာရှိသည်။
Nation building ဟူသော
အမျိုးသားရေးတည်ဆောက်ခြင်း၊
State building ဟူသော
နိုင်ငံတော်တည်ဆောက်ခြင်း
ဟူ၍ဖြစ်သည်။ အနော်ရထာ၊ ဘုရင့် နောင်နှင့် အလောင်းဘုရားဧကရာဇ် သုံးပါးတို့သည် နှစ်မျိုးစလုံးကို ကောင်း စွာ တည်ဆောက်နိုင်ခဲ့သဖြင့် 'စည်းရုံး သော' 'သာယာဝပြောသော' ဟူသည့် ဂုဏ်ပုဒ်နှင့်ညီသည့် မြန်မာနိုင်ငံတော် ဖြစ်လာခဲ့ရခြင်းသာ။ (စည်းရုံးသော) သည် Nation building ခေါင်းစဉ် အောက်တွင်ရှိပြီး 'သာယာဝပြောသော' ဟူသည်က state building ခေါင်းစဉ် အောက်တွင် ရှိနေပါသည်။
'သက်ဦးဆံပိုင်' ဟူသော အမည် ပညတ်သည် နားအဝင်ခါးလှသည်မှန် သော်လည်း မင်းကျင့်တရား(၁ဝ)ပါးနှင့် အညီ အုပ်ချုပ်သောမင်းတို့မှာ အာဏာ ကိုအကန့်အသတ်ဖြင့်သာ သုံးစွဲခဲ့သည် ကို တွေ့ရသည်။ ဘုရင်သည် ပြည်သူ တို့၏အသံကို နားထောင်၏။ စွမ်းရည် ထက်မြက်သော ဝန်ကြီးများကို ခန့်ထား ၏။ အမြော်အမြင်ရှိသော မင်းတိုင် ပင်များကိုထားရှိ၏။ ထို့ကြောင့် 'အမျိုး သားရေး တည်ဆောက်ခြင်း'၊ 'နိုင်ငံ တော် တည်ဆောက်ခြင်း' နှစ်မျိုးစလုံး ကို ကောင်းစွာစွမ်းဆောင်နိုင်ခဲ့ကြလေ တော့သည်။
အသိနက်မှုကိုအသုံးချသွားခဲ့ကြသည်
မြန်မာတို့ အသိနည်းခဲ့ကြသည်၊ အထူးသဖြင့် ခေါင်းဆောင်ပိုင်း အသိ ချို့တဲ့ခဲ့မှုကြောင့် ၁၈၈၅ တွင် သူ့ကျွန် ဖြစ်ခဲ့ရ၏။ အသိအားကောင်းသော ခေါင်းဆောင်တို့အချိန်တွင် ၁၉၄၈ ၌ လွတ်လပ်ရေးရခဲ့သည်။ အတန်အသိရှိ ချိန်ဖြစ်သော်လည်း စနစ်ရွေးမှားယွင်း ခဲ့မှုကြောင့် မြန်မာ့စီးပွားရေးသည် ဆိုရှယ်လစ်ခေတ်၌ အရာမထင်ခဲ့ပြန်။ ၁၉၈၈ ၌ နိုင်ငံရေးစနစ်ရော၊ စီးပွားရေး စနစ်ပါပြောင်းခဲ့၏။
နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးရ သဖြင့် စစ်အုပ်ချုပ်ရေးဖြစ်ခဲ့၏။ ပြည် သူတို့ အသိနည်းမှုကိုကောင်းစွာ Mind mappingလုပ်နိုင်သောအနောက်အုပ်စု ကအရာရာကို ဆန့်ကျင်စိတ်ပျိုးထောင် ပေးခဲ့သည်။ ဆန့်ကျင်ဘက်ခေါင်းဆောင် တို့ စာတတ်ကောင်းတတ်ကြမည်မှန် သော်လည်း အသိပညာချို့တဲ့မှုကို ကောင်းစွာသိရှိကြသူတို့က လစ်ဘရယ် အတွေးအခေါ်(အစွန်းရောက်)၊ဒီမိုကရေစီ၊ လူ့အခွင့်အရေး (ကန့်သတ်အသိဖြင့်) ရေလောင်းပေါင်းသင်ပေးလိုက်သောအခါ နိုင်ငံမတည်ငြိမ် ဖြစ်နေခဲ့သဖြင့် စစ် အစိုးရ သက်ရှည်ကြာရတော့သည်။
အတွေ့အကြုံမှပညာ
ဖြစ်ခဲ့သော တပ်မတော်ခေါင်းဆောင်များသည် နိုင်ငံ ကို ပစ်စလက်ခတ်လွှဲပေး၍မရတော့။ ယခုပင် စနစ်တကျလွှဲပေးပြီး တပ်မ တော်က ထိန်းညှိပေးထားသည့်တိုင် ပြည်သူတို့သည်မှန်ကန်သော ဒီမိုကရေစီ မဆိုထားဘိ၊ လူမှုကွန်ရက်မှာပင်လျှင် ရေးလိုရာရေး၍မရ၊ မှန်ကန်သော ဒီမို ကရေစီမဟုတ်ဘဲ ကွက်ကြားရွာလိုရာ ရွာသောပေါက္ခရဝဿမိုးလို ဒီမိုကရေစီ အမည်ခံစနစ်က စစ်အစိုးရထက် ဆယ် ပြန်မက အာဏာရှင်ဆန်နေသည်ကို တွေ့နေရပါ၏။
စစ်ယူနီဖောင်းဝတ်ကို အာဏာရှင် ဟု လက်ညှိုးငေါက်ငေါက်ထိုးနေပါ သော်လည်း၊ တိုက်ပုံဝတ်တို့လက်ထက် ပုဒ်မ ၆၆ (ဃ) သုံးစွဲမှုက (၅)ဆမက များနေသည်မှာ သက်သေဖြစ်ပါ၏။ ကိုယ့်အာဏာရှင် ဘဝကိုဖုံးကွယ်ရန်စစ် ဝတ်များကိုအာဏာရှင်ဟု ကင်ပွန်းတပ် ပြီး၊ 'ပြည်သူ'ဟူသော အသုံးကို ခပ် တွင်တွင်သုံးရင်း အာဏာရှင်ထက် ဆိုး သည့် အာဏာရှင်ဖြစ်လာခဲ့ကြသည်။
တရုတ်ထိန်းချုပ်ရေးအတွက် မြန်မာ သည်အရေးပါနေရာဖြစ်လာပြီး၊ အသိ အားနည်းသောပြည်သူ၊ အသိအားနည်း သည့်အပြင် ကိုယ့်ကိုယ်ကိုယ်အထင်ကြီး သောခေါင်းဆောင်တို့ကို မြှောက်ပေး ရင်း နိုင်ငံပျက်စီးရေးသို့ဦးတည်နေမှုကို ယခုထိမရိပ်စားမိကြသေး။
Rule of Law ဟူသည်ကို တစ်ချိန် က ပါးစပ်မချ တဖွဖွပြောခဲ့သူတို့သည် တရားဥပဒေကို စိတ်ရှိတိုင်းချိုးဖောက် ကြ၏။ ဗဟိုမှချုပ်ကိုင်မှုကို ဖြေလျှော့ လို၍ အာဏာ(၃)ရပ် ဖြန့်ခွဲထားပါသော် လည်း ဥပဒေပြုရေးမဏ္ဍိုင်က အာဏာ ရှင်ဒီမိုကရက်များအတွက်ပြယုဂ်ကောင်း ထက်မပိုခဲ့။ လုပ်ချင်ရာလုပ်၍ရသော အာဏာရှင်ဖြစ်ရန် လွှတ်တော်ကပင် ပံ့ပိုးပေးနေလိုက်ပါသေးသည်။ (ရခိုင် ဒေသ လုံခြုံရေးတိုးမြင့်ရန် အဆိုရှုံးနိမ့် ခြင်းသည် နိုင်ငံတကာမျက်နှာစာတွင် မည်မျှ မျက်နှာမပြရဲလောက်အောင် အသိနည်းကြပါသည်ဟူသည့် သာဓက ဖြစ်ခဲ့ရပါ၏)။
အစွန်းရောက်လစ်ဘရယ်သည် အချုပ် အခြာကို ထိပါး၏။
ကိုယ်ကျိုးစီးပွားကို အခြေခံ၍ တရုတ်ကို ထိန်းချုပ်ရန် ကြိုးစားကြသူ အချို့မှလွဲ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်ကို မှန်မှန်ကန်ကန်ရှုမြင် သုံးသပ် ကြသူများမှာ 'ဦးသိန်းစိန်လက်ထက် အခြေခံကောင်းရပြီးမှ ပုံပျက်သွားတာ ဝမ်းနည်းဖို့ ကောင်းလှတယ်' ဟူ၍ ယူကျုံးမရ စကားဆိုလာကြသည်။
ခေါင်းဆောင်တို့၏မူဝါဒမဲ့၊ ရပ်တည် ချက်မသေချာသော တစ်နေရာရောက် စကားတစ်မျိုးက ဗျူရိုကရေစီယန္တရား လည်ပတ်မှုကို ဝေဝါးမျက်လုံးလည်စေ သည်။ ပြည်တွင်းလက်နက်ကိုင်တချို့ အင်အားကောင်းလာခဲ့ကြသည်သာတွေ့ ရပြီး၊ ငြိမ်းချမ်းရေးပို၍ အလှမ်းဝေးသွား သည်။ စစ်အစိုးရလက်ထက် Sanction ဟူသောအရေးယူ ပိတ်ဆို့မှုပေါင်းကြား မှ ပြည်သူတို့စားဝတ်နေရေး ပြေလည် ခဲ့ပါသော်လည်း၊ ဦးသိန်းစိန်လက်ထက် အရေးယူပိတ်ဆို့မှုများစွာကို ဖယ်ရှား ပေးပြီးကာမှ အဘယ်ကြောင့်ပြည်သူတို့ စားဝတ်နေရေးကျပ်တည်းလာခဲ့ကြရပါ သနည်း။
အရာရာသည် ခေါင်းဆောင်နှင့် ခေါင်း ဆောင်မှုကြောင့် ဖြစ်ပါ၏။
အထူးသဖြင့်ခေါင်းဆောင်များအရည် အချင်းဆင်းရဲလွန်းသည့်အခါ မှားယွင်း သော ခေါင်းဆောင်မှုပေးတတ်ကြသည်။ ထိုမှားယွင်းသော ခေါင်းဆောင်မှုက အဘယ်သို့သော စည်းရုံးမှု၊