images
UN
UN
ယီမင်ရှိစစ်တပ်အဖွဲ့ဝင်အရေအတွက်ကို UAE လျှော့ချနေ
KK(IR) Tuesday, 09 July 2019
အာရပ်စော်ဘွားများ ပြည် ထောင်စု (UAE) က ၄င်းအနေဖြင့် ယီမင်နိုင်ငံတစ်ဝန်းရှိ စစ်အင်အား များကို လျှော့ချပြီး ပြန်လည် တပ်ဖြန့်ချထားမှုပြုလုပ်နေလျက် ရှိသည်ဟု ယမန်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။စစ်ရေးဦးစား ပေးမဟာဗျူဟာမှ ငြိမ်းချမ်းရေးဦး စားပေးအစီအစဉ်သို့ ဦးတည်သည့် ဆောင်ရွက်မှုပင်ဖြစ်သည်ဟု သိရ သည်။ ဟွန်သီသူပုန်များကိုဆန့် ကျင်သည့် သမ္မတAbd Rabbo Mansour Hadi အစိုးရကို ကျော ထောက်နောက်ခံပြုရန်၂ဝ၁၅ခုနှစ် ကတည်းက ယီမင်တွင်ဝင်ရောက် စွက်ဖက်နေသည့် ဆော်ဒီဦးဆောင် သည့်မဟာမိတ်တပ်တွင် UAE သည်အဓိကမိတ်ဖက်ပင်ဖြစ်သည်။
UAE အာဏာပိုင်တစ်ဦးက ယခုကဲ့သို့ စစ်အင်အားလျှော့ချမှုပြု လုပ်သော်လည်း စစ်အင်အားပြန် လည်တပ်ဖြန့်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးနေသည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်ကြောင်း ပြောကြားရင်း ယီမင်အစိုးရနှင့် ဆော်ဒီဦးဆောင် သည့်မဟာမိတ်တပ်များသို့ UAE ၏ကတိကဝတ်များကိုထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မဟာမိတ်တပ်၏ပြောရေးဆို ခွင့်ရှိသူTurkial-Maliki က UAEနှင့်ဆော်ဒီအာရေးဘီးယားနှစ်နိုင်ငံ စလုံးသည် ယီမင်တွင်ထားရှိသည့် ရည်မှန်းချက်များပြီးမြောက်အောင် မြင်စေရမည်ဟု ကတိကဝတ်ပြု ကြောင်း ပြောကြားခဲ့သည်ဟု သိရ သည်။Ref: The Defense Post