images
UN
UN
Mister Savile Row 2019 Winner ရွေးချယ်ပွဲပြုလုပ်
ဒဂုံဝေလင်း Tuesday, 09 July 2019
"Mister Savile Row 2019" ပွဲကို ဇူလိုင် ၈ရက် မွန်းလွဲ၂နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိJunction City Leven -2ရှိ Aenllo အထည်ဆိုင်တွင်ပြုလုပ် ခဲ့ပြီး အခမ်းအနားတွင် ပြိုင်ပွဲဝင် ၁၃ ဦးကိုMister Savile Row Facebook ကနေ စိစစ်ရွေးချယ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲဝင် ဆန်ခါတင် ၁၃ဦးထဲမှာ Winner ဆုရှင်အပါအဝင် ဆုရရှိသူနှစ်ဦးကို ပထမ/ဒုတိယအဖြစ် သတ်မှတ်၍ ထပ်မံရွေးချယ်ခဲ့ကြောင်းသိရသည်။
အခုနောက်ပိုင်း Mister ပြိုင်ပွဲ တွေကခန္ဓာကိုယ်ကိုအဓိကထားပြီး ပြရတဲ့ပွဲလည်းဖြစ်ကြတယ်၊အဲ့တော့ ကျွန်တော်က GYM ကို ပိုပြီး ကစားဖြစ်တယ်၊ ပွဲတွေမှာ ဝတ်ရ တာက တီရှပ်တွေဝတ်ရတာများ တယ်လေ၊ အဲ့လိုဝတ်ရတဲ့အခါ Body ပိုင်းက သူများထက်ပိုလှဖို့ လိုပါတယ်၊ ပိန်လွန်းတဲ့သူကျတော့ လည်း အဝတ်အစားမှာရွေးပြန် တယ်၊မဝလွန်း၊မပိန်လွန်းဘဲ၊ Body အနေအထားက အတော်လောက် ဆို တီရှပ်တွေက ယောက်ျားလေး တစ်ယောက်အတွက်ကြည့်ကောင်း စေတာအမှန်ပါပဲ၊ ပြိုင်ပွဲအနေနဲ့ဆို ကျွန်တော်အရင်ကDr, Face လုပ်တဲ့ Mister ပွဲမှာ ပြိုင်ဖူးပါ တယ်၊ အခုက ဒုတိယအကြိမ်ပါ၊ အဲ့တုန်းကလည်း Winner ဖြစ်ခဲ့ပါ တယ်၊ အခုကတော့ ဒုတိယအကြိမ် ရတဲ့ဆုပါ၊ ပြည်တွင်းပွဲတွေ အတွေ့ အကြုံယူပြီးရင်တော့ International ကို သွားဖို့ပြင်ဆင်စရာတွေ အများကြီးရှိသေးတာမို့ ကြိုးစား ရပါဦးမယ်''ဟု The Savile Row 2019 Winner ဆုရှင် မောင်နေမျိုး အောင်က ပြောသည်။
အဆိုပါပြိုင်ပွဲများကိုThe Savile Row ကုမ္ပဏီအမှတ်တံ ဆိပ်အနေဖြင့် နှစ်စဉ်ကျင်းပသွား မည်ဖြစ်ပြီး ယှဉ်ပြိုင်လိုသူ အမျိုး သားများအနေဖြင့် Savile Row Conpany Landon အကြောင်းကို လေ့လာခံစားရမည်ဖြစ်ကြောင်းသိ ရသည်။