images
UN
UN
အသွင်သစ်အမြင်သစ်လှုပ်ရှားမှုအဖုံဖုံဖြင့် စုံလင်လှသည့် အန်နီမေးရှင်းကာတွန်းဇာတ်လမ်းတွဲ Toy Story 4
စာနယ်ဇင်းရေချမ်း Tuesday, 09 July 2019
Toy Story 4 (ဇာတ်လမ်းအကျဉ်း)
ကောင်းဘွိုင်ရုပ်ကလေးWo od နှင့် အာကာသစက်ရုပ်လေးBuzz Lightyear တို့၏ပိုင်ရှင် Andy မှ Bonnie ဟု အမည်ရ သော ကောင်မလေးအား သူပိုင် ဆိုင်သည့် အရုပ်လေးများအားလုံး ကို အပိုင်ပေးလိုက်ပြီးသည့်နောက် တွင်Woody, Buzz နှင့် ကျန်အရုပ် အဖွဲ့သားတို့သည် Bonnie အသစ် ဖန်တီးလိုက်သော Forky ဟူသည့် အရုပ်ကလေးတစ်ရုပ်ကြောင့် ပြ ဿနာတစ်ခုနှင့်ရင်ဆိုင်ကြရတော့ သည်။ ပြဿနာမှ Forky က မိမိကိုယ်မိမိ အရုပ်ဖြစ်နေသည်ကို လက်မခံနိုင်ခြင်းပင်။ ထို့ကြောင့် အခြားအရုပ်များက Forky အား အရုပ်သဘာဝကို နားလည်လာစေ ရန် ဝိုင်းဝန်းကူညီကြလေသည်။
ဤသို့ဖြင့် Bonnie နှင့် သူ့မိ သားစုတို့ ခရီးတစ်ခုထွက်ကြရာ တွင် Forky သည် ထွက်ပြေးပုန်း ရှောင်သွားသောကြောင့် Woody မှ လိုက်လံရှာဖွေရင်း မြို့ငယ်လေး တစ်မြို့အနီးတွင် အဖွဲ့ကွဲသွားလေ တော့သည်။ ထိုအခါ လိုက်လံရှာ ဖွေရင်း ပျောက်ဆုံးသွားသော Woody အား Buzz တို့အဖွဲ့မှ ထပ်မံရှာဖွေကြပြန်သည်။ ထိုအချိန် တွင် Woody သည်ထိုမြို့လေး၏ ရှေးဟောင်းအရုပ်ဆိုင်တစ်ဆိုင်ထဲ တွင် မတွေ့တာကြာပြီဖြစ်သော သူ၏သူငယ်ချင်းဖြစ်သူBo Peep နှင့်အမှတ်မထင်ဆုံတွေ့ပြီး ယခင် အတိတ်က နေ့ရက်များအကြောင်း စားမြုံ့ပြန်ပြောဆိုကြရင်း Bo Peep က Woody အား အရုပ်တစ်ရုပ်၏ စစ်မှန်သော တကယ့်ဘဝအနှစ်သာ ရနှင့်ပတ်သက်သည့် အမြင်တစ်ခု ကို ပေးခဲ့သည့်အကြောင်းကိုWalt Disney Studios မှ ရိုက်ကူးတင် ဆက်ထားသောဗညငာအေငသည ဇာတ် ကားဖြစ်ပါသည်။