images
UN
UN
အစဉ်အလာရှိခဲ့တဲ့ မြန်မာတို့ရဲ့ စာပေ
ခိုင်ခိုင်နွယ်(ပညာရေး) Tuesday, 09 July 2019
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း လူမျိုးတိုင်း တွင် စာပေယဉ်ကျေးမှုများ၊ ဓလေ့ထုံး တမ်းစဉ်လာများ ကိုယ်စီရှိကြသည်။ စာပေသည် လူမျိုး၏အသက်ဖြစ်၍ လူမျိုးတစ်မျိုးအဖြစ် ဝင့်ထည်စွာ ရပ် တည်နေရန်မှာလည်း ကိုယ်ပိုင်စာပေရှိရ သည်။ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ် ၍ စာပေပျောက်လျှင်လည်း လူမျိုးပါ ပျောက်ကွယ်သွားနိုင်သည်။ အမိမြန်မာ နိုင်ငံတော်၏ ကိုယ်ပိုင်စာပေမှာ မြန်မာ စာပေဖြစ်၍ မြန်မာတို့၏ စာပေသမိုင်း ကြောင်းကိုလည်း မြန်မာစာကပင်လှစ်ဟ ဖော်ကျူးထားပါသည်။
မြန်မာစာပေသည် ခေတ်အဆက် ဆက်ကပင် အစဉ်အလာကြီးမားခဲ့သည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီ စသည့် ခေတ်များမှစ၍ လွတ်လပ်ရေးခေတ်တစ် လျှောက်၌ မြန်မာစာပေကို စာဆိုအသီး သီးတို့က ပုံစံအမျိုးမျိုးဖြင့် ရေးသားခဲ့ ကြသည်။
မြန်မာစာပေသည် ပုဂံခေတ်ကျောက် စာတစ်ချပ်ဖြစ်သော ရာဇကုမာရ် ကျောက်စာမှ အစပြုသည်ဟု စာပေများ တွင် တွေ့ရသည်။ ပုဂံခေတ်သည် ခရစ် နှစ် ၁၁၁၂ ခုနှစ်မှ ၁၃၂၇ ခုနှစ်အထိ ကာလဖြစ်၍ နှစ်ပေါင်း ၃ဝဝ အတွင်း ထွန်းကားခဲ့သော စာပေအကြောင်းကို ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်းဟူ၍ ခေတ်သုံးခေတ်ခွဲခြား၍ သတ်မှတ်သည်။ ပုဂံခေတ်ဦး ကျောက်စာအများစုမှာ ဘုရားတည်၊ ကျောင်းဆောက်၊ လယ်လှူ၊ ကျွန်လှူ၊ ဒါနကုသိုလ်များကို မှတ်တမ်း တင်ထားခြင်းဖြစ်သည်။မင်စာ၊အုတ်ခွက် စာ၊ စဥ့်ကွင်းစာတို့တွင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊နှစ်ကျိပ် ရှစ်ဆူဘုရားတို့၏ ဗုဒ္ဓဝင်များကို မွန်၊ ပါဠိ၊ မြန်မာဘာသာတို့ဖြင့် ရေးထိုးထား သည်။
ပုဂံခေတ်လယ်ပိုင်းတွင် ခေတ်ဦးက အရှိန်အဝါကြီးခဲ့သော မွန်စာပေ ပျောက် ကွယ်ပြီး မြန်မာစာပေအရေးအသား ထွန်းကားစပြုလာသည်။ လောကထိပ် ပန်ဂူဘုရားမှ မင်စာသည် ပုဂံခေတ် လယ်တွင် ရေးထိုးခဲ့သည်ဟု သုတေသီ တို့က ခန့်မှန်းကြောင်း တွေ့ရသည်။ ပုဂံ ခေတ်နှောင်းတွင် မြန်မာစာပေအရှိန်ရလာ ၍ မွန်စာပေ တစ်စတစ်စ မှေးမှိန်သွား သည်။ နရသီဟပတေ့မင်းလက်ထက် တွင် ရေးထိုးခဲ့သော ရှင်ဒိသာပါမောက္ခ ကျောက်စာသည် ပုဂံခေတ်နှောင်းပိုင်း၏ စစ်မက်ထူပြောပုံကို ဖော်ပြ၍ ကျစွာမင်း ၏ အမိန့်တော်ပြန်တမ်းကျောက်စာသည် ပုဂံခေတ်တရားဥပဒေကို ဖော်ပြသော ကျောက်စာဖြစ်သည်ဟု သိရသည်။
ပုဂံခေတ်၌ကျောက်စာစကားပြေများ အပြင် ကဗျာ၊ လင်္ကာတို့ ပေါ်ပေါက်ခဲ့ ကြောင်းကိုလည်း 'ပုပ္ပားနတ်တောင်ဖွဲ့ လင်္ကာ'၊ 'သူတည်းတစ်ယောက်' အစချီ လင်္ကာ၊ 'မြကန်သာ' အစချီလင်္ကာတို့မှ သိနိုင်ကြောင်း ဖြော်ပထားသည်။
ပင်းယခေတ်၏ စာပေအခြေအနေကို ဖော်ပြရလျှင် ခရစ်နှစ် ၁၂၉၉ ခုနှစ်မှ ၁၃၆၄ ထိ နှစ်ပေါင်းခြောက်ဆယ်ကျော် ကာလသည် ပင်းယခေတ်ဟု သိရ၍ အလှူမှတ်တမ်းတင် ကျောက်စာများကို လည်း တွေ့ရသည်။ ကျောက်စာများ တွင် ဝိသေသနပုဒ်များစွာပါသော ဝါကျ ရှည်ကြီးများ၊ ဥပမာအလင်္ကာ၊ ရူပက အလင်္ကာများဖြင့် ရေးဖွဲ့သော စကားပြေ များနှင့် အချို့ကျောက်စာများတို့တွင် လင်္ကာနှင့်စကားပြေရော၍ရေးကြောင်း သိရသည်။
ပင်းယခေတ်တွင်စတုရင်္ဂဗလအမတ် ကြီးက ဆူးတွင်းပစ်ဆရာတော်ထံ ဓမ္မ ရေးရာနှင့်ပတ်သက်၍ သိလိုသမျှကို မေး လျှောက်သော 'ရွေဝါးတော်အောက်' အစချီ ပိုဒ်စုံရတုကဗျာသည် အပိုဒ်သုံး ပိုဒ်ပါသော လေးလုံးစပ်လင်္ကာတစ်မျိုး ဖြစ်ကြောင်း ဖော်ပြထားသည်။ ဧချင်း ကဗျာသည် သီချင်းဘက်သို့နွယ်သော ကဗျာများဖြစ်သည်။
ပင်းယမင်းသီဟသူ လက်ထက်တွင် တျာချင်းကဗျာပေါ် ပေါက်ခဲ့၍ 'တာဝတိံသာနတ်ရွာလော' အစချီ ကာချင်းကဗျာကို ငါးစီးရှင်ကျော် စွာက ကိုယ်တိုင်ရေးစပ် သီဆိုကခုန်ခဲ့ သည်။ ကာချင်းမှာ ဇာတိမာန်တက်ြ<ွက စေအောင် ရေးဖွဲ့ထားသော ကဗျာဖြစ် ကြောင်း သိရသည်။
အင်းဝခေတ်သည် ခရစ်နှစ် ၁၃၆၅ မှ ၁၅၂၆ခု အင်းဝပျက်သုဉ်းသည်အထိ နှစ်ပေါင်း ၁၆ဝ ခန့်ကာလ ဖြစ်သည်။ မြန်မာစာပေသမိုင်းတွင် အင်းဝခေတ် သည် ကဗျာခေတ်ဖြစ်သည်ဟု ဆိုနိုင် ကြောင်း သိရသည်။ အင်းဝခေတ်တွင် ကျောက်စာ စကားပြေတို့ကို ဝေဝေဆာ ဆာ ရေးထိုးသည့်အပြင် လင်္ကာစကား ပြေ ရောထွေးရေးဖွဲ့သော ရတနာစေတီ ကျောက်စာ၊ ရတနာဗိမာန်ကျောက်စာတို့ မှာ ထင်ရှားကြောင်း ဖော်ပြထားသည်။
မြန်မာစာပေသမိုင်းတွင် ပေလေးပင် ရှင်လေးပါးဟု တင်စားခေါ်ဝေါ်ခဲ့သော ရှင်မဟာသီလဝံသ၊ ရှင်ဥတ္တမကျော်၊ ရှင်ခေမာ၊ ရှင်အုန်းညိုတို့မှ ရှင်မဟာ သီလဝံသရေးသော ရာဇဝင်ကျော်ကျမ်း နှင့် ပါရာယနဝတ္ထုတို့မှာလည်း ထင်ရှား သည်။ မေတ္တာစကားပြေအဖြစ် စတင် တွေ့ရှိရသည်မှာ ပင်းယစကြိုသူမြတ် ရေးသားသော မေတ္တာစာ၊ ကန်တော်မင်း ကျောင်းမေတ္တာစာ၊ ရှင်မဟာသီလဝံသ နှင့် ရှင်မဟာရဋ္ဌသာရတို့ ရေးဖွဲ့သော မေတ္တာစာများလည်း ထွန်းကားခဲ့သည်။ ပျို့၊တောလား၊မော်ကွန်း၊ ဧချင်း၊ ရတုများ ပေါ်ပေါက်သောခေတ် ဖြစ်ကြောင်းနှင့် အဒူမင်းညို၊နန်းတွင်းမိဖြူ မိညိုတို့မှာ လည်း အင်းဝခေတ်၏ စာဆိုများဖြစ် သည်ဟု ဖော်ပြထားသည်။
တောင်ငူခေတ်သည် ခရစ်နှစ် ၁၅၂၇ ခုနှစ်မှ ၁၅၉၆ အထိဖြစ်သည်။ တောင်ငူ ခေတ်တွင် လူပုဂ္ဂိုလ်စာဆိုများ ရှေ့တန်း ရောက်လာခဲ့ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အကြောင်းများကို ရေးဖွဲ့သောရတုကဗျာ များ ပေါ်ပေါက်လာသည်။ အန်ချင်း ကဗျာများလည်း စတင်ပေါ်ပေါက်လာ သည်ဟု သိရသည်။ တောင်ငူခေတ် စကားပြေတွင် မွန်ဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သော မွန်ဝန်ကြီး ဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံ ကျမ်းသည် ထင်ရှားသည်။
ကဗျာကဏ္ဍတွင် ရတုကဗျာလောက ကို ပြည်နဝဒေးကြီးနှင့် နတ်သျှင်နောင် တို့က ဦးဆောင်ခဲ့သည်။ ဘုရားတိုင်၊ ကျေးစေ၊စစ်ချီ၊ မယ်ဘွဲ့၊မောင်ဘွဲ့၊ ရာသီ ဘွဲ့များကို ရေးဖွဲ့ခဲ့ကြသည်။ လှော်ကား သုံးထောင်မှူး၊ ရှင်ထွေးနာဂသိန်၊ မင်း ဇေယျန္တမိတ်၊ ရှင်သံခို၊ ရဝေရှင်ထွေးတို့ သည်လည်း တောင်ငူခေတ်စာဆိုများ ဖြစ်ကြောင်း သိရသည်။
ခရစ်နှစ် ၁၅၉၆ ခုနှစ်မှ ၁၇၅၂ခုနှစ် အထိ နှစ်ပေါင်း ၁၅ဝ ကျော်ကို ညောင် ရမ်းခေတ်ဟု သတ်မှတ်သည်။ ဝတ္ထု စကားပြေတွင် တောင်ဖီလာဆရာတော်၊ မဟာရာဇဝင်ကြီးကိုရေးခဲ့သောဦးကုလား၊ လင်္ကာသွား စကားပြောဟန်တို့ဖြင့် တန်ဆာဆင်ထားသော ပြဇာတ်များကို ရေးဖွဲ့သည့် ဝန်ကြီးပဒေသရာဇာတို့မှာ ထင်ရှားသည်။ ဝန်ကြီးပဒေသရာဇာ သည် သူဇာပျို့၊ မနော်ဟရီပျို့နှင့် ဆင် ဖမ်းသမား၊ ထန်းသမား၊ လယ်သမား စသည့် ဆင်းရဲသားပြည်သူတို့၏ဘဝကို ရေးဖွဲ့သည့် တျာချင်းများ၊ ပုစဉ်းတောင် သံကြိုးသီချင်းတို့ကိုလည်း ရေးခဲ့သည်။ တောင်တွင်းရှင်ငြိမ်းမယ်၊ ဆီသည်ရွာစား ဦးအောင်ကြီးတို့မှာလည်း အိုင်ချင်းနှင့် လူးတားများရေးခဲ့သည့် ညောင်ရမ်းခေတ် စာဆိုများ ဖြစ်သည်။
ကုန်းဘောင်ခေတ်သည် ခရစ်နှစ် ၁၇၅၂ခုနှစ်မှ၁၈၈၄ခုနှစ်အထိ ၁၃၂ နှစ် တာကာလဖြစ်သည်။ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးအပေါ်မူတည်၍ စာပေအခြေ အနေများ ပြောင်းလဲမှုရှိသည်။ ဝတ္ထု စကားပြေ၊ မင်းမှုရေးရာမှတ်တမ်းစကား ပြေ၊ သုတ၊ သတင်းစာ၊ ပြဇာတ်၊ မေတ္တာစကားပြေဟု ခွဲခြားနိုင်ပါသည်။
မင်းဘူးဆရာတော် ဦးသြဘာသ၊ ကျီးသဲ လေးထပ်ဆရာတော်၊ မောင်းထောင်ဆရာ တော်၊ မုံရွေးဆရာတော်၊ မုန်တိုင်ပင် ဆရာတော်၊ ဦးပုည၊ ရွှေတောင်သီဟသူ၊ လှိုင်ထိပ်ခေါင်တင်၊ ဦးကြင်ဥတို့မှာ ထင် ရှားသော စာဆိုများဖြစ်သည်။ ကဗျာနှင့် ပတ်သက်၍ ''ရကန်၊ သာချင်း၊ ပတ် ပျိုး၊ ယိုးဒယား၊ ရှာပုံတော်၊ ဗုံကြီးသံ၊ ဟန်ချင်း၊ ဘောလယ်၊ လွမ်းချင်းများကို လည်း ရေးဖွဲ့ခဲ့ကြသည်။
ကိုလိုနီခေတ်သည် ၁၈၈၅ မှ မြန်မာ နိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ ခုနှစ် အထိ ၆၃နှစ်တာကာလဖြစ်သည်။ မြန်မာ လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် နေထိုင်ခဲ့ကြရာမှ သူ့ကျွန်ဘဝ ကို ရောက်သွားရာ ပြောင်းလဲလာသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့အပေါ် မူတည်၍ စာပေအခြေအနေပြောင်းလဲလာ ခဲ့သည်။ ကာလပေါ်ဝတ္ထုများအနက် ဂျိန်းစ်လှကျော်၏ မောင်ရင်မောင်မမယ်မ ဝတ္ထုမှာ ထင်ရှားသည်။ ဦးလတ်၊ ဝန် စာရေးဦးကြီး၊ သခင်ကိုယ်တော်မှိုင်း၊ပီမိုး နင်း၊ ရွှေဥဒေါင်း၊ ဇေယျတို့သည်လည်း မြန်မာ့ဇာတိမာန်လှုံ့ဆော်သောဝတ္ထုများ၊ ပြုပြင်ရေးဝတ္ထုများ ရေးဖွဲ့ခဲ့ကြသည်။
၁၉၃ဝပြည့်နှစ်တွင် တစ်မတ်တန်၊ တစ်မူးတန်ဝတ္ထုများ တွင်ကျယ်လာသဖြင့် စာဖတ်ပရိသတ်တို့ တိုးပွားလာသည်။ ဂန္တလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်းတို့တွင် လူ့စရိုက် လူ့သဘာဝပေါ်လွင်အောင် ရေးဖွဲ့သော ဝတ္ထုများ ပေါ်ပေါက်လာသည်။ သိပ္ပံ မောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိန်းဖေ မြင့်၊ အမျိုးသားပညာဝန်ဦးဖိုးကျားတို့ သည် ပြုပြင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ဝတ္ထုများရေးဖွဲ့ခဲ့ကြသည်။
ဂျပန်ခေတ်တွင် ဦးÓဏ၊ မောင်ထင် တို့သည် လွတ်လပ်ရေးအတွက်သတိပေး နှိုးဆော်သည့်ပြဇာတ်များရေးဖွဲ့ခဲ့သည်။ ပုဂံဝန်ထောက်ဦးတင်၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ မှော်ဘီဆရာသိန်း၊ ပညာ အုပ်ဦးဖိုးစိန်၊ ဦးကျော်ဒွန်း၊ ဦးဖေမောင် တင်တို့မှာလည်း ထင်ရှားသော စာဆိုကြီး များဖြစ်သည်။ ကိုလိုနီခေတ်ကဗျာများ သည်မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက် များစွာအထောက်အကူပြုသည်။ ဆီး ဘန်နီဆရာတော်၊ အချုပ်တန်းဆရာဖေ၊ မန်လည်ဆရာတော်၊မောင်းထောင်ဦးကျော် လှတို့ကလည်း မြန်မာ့ဇာတိမာန်ကို လှုံ့ ဆော်ပေးခဲ့သည်။
စစ်အတွင်းက မြန်မာနိုင်ငံစာရေး ဆရာအသင်းပေါ်ပေါက်လာကာ နတ် တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော် နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် တွင် ဒိဋ္ဌဓမ္မအကြောင်းအရာများကို အခြေခံရေးဖွဲ့သော အများနားလည် လွယ်သည့်စကားများဖြင့် တီထွင်ရေး သားခဲ့သော ခေတ်စမ်းစာပေများပေါ် ပေါက်လာသည်။ ခေတ်စမ်းစာဆိုများ အနက် ဇော်ဂျီနှင့်မင်းသုဝဏ်တို့မှာ ထင် ရှားသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ စစ်အတွင်းကာလကိုထင်ဟပ်သော ဒဂုန် တာရာ၏ ''မတ်လတော်လှန်ရေး''က ဗျာသည် ဖက်ဆစ်တော်လှန်ရေးမြင်ကွင်း ကိုသရုပ်ဖော်သည်။ ကိုလိုနီခေတ်မြန်မာ တေးသီချင်းများတွင် အချစ်ဘွဲ့၊ အလွမ်း ဘွဲ့၊ သဘာဝဘွဲ့များသာမက မြန်မာ့ ယဉ်ကျေးမှုကို ဖော်ကျူးသောတေးသီ ချင်းများ၊ ဇာတိမာန်လှုံ့ဆော်သောသီချင်း များရေးသားခဲ့ကြသည်။ ''တို့ဗမာသီ ချင်း''သည် ဇာတိမာန်လှုံ့ဆော်သော ပြောင်မြောက်သည့် သီချင်းဖြစ်သည်။ ထို့ကြောင့်ကိုလိုနီခေတ်စာပေကဏ္ဍသည် မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါ သော အခန်းကဏ္ဍမှပါဝင်ခဲ့ပေသည်။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရသည်မှ ယနေ့ခေတ်အထိ စာပေပညာရှင်များ သည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့် ပတ်သက်သော စာပေ မျိုးစုံကို ရှုထောင့်အသီးသီးမှ ရေးသား ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာစာပေကို အမွေဆက်မပြတ်စေဘဲ ဆက်လက် ထွန်းကားစေခဲ့သည်။
ယနေ့အခါတွင် မြန်မာစာပေသည်ပို၍ ပင်တောက်ပထွန်းကားခဲ့ပါသည်။ မြန်မာ တစ်မျိုးသားလုံးကလည်း မြန်မာစာကို လေးစားတန်ဖိုးထားကြသည်။နိုင်ငံတော် ကလည်း မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး အတွက်ရည်သန်ကာ မြန်မာစာစွမ်းရည် ပြိုင်ပွဲများ၊စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ ဆောင်းပါးဝတ္ထုပြိုင်ပွဲများကျင်းပ၍ အမျိုး သားစာပေဆု၊စာပေဗိမာန်ဆု၊တစ်သက်တာ စာပေဆုများချီးမြှင့်လျက်ရှိသလို ပခုက္ကူ ဦးအုန်းဖေစာပေဆု၊ဆရာဝန်တင်ရွှေစာပေ ဆု၊စိမ်းလန်းရွှေပြည်စာပေဆု အစရှိသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများကလည်း စာပေ တာဝန်ကိုယူ၍ ပြိုင်ပွဲများကျင်းပခဲ့သည် ကိုတွေ့ရသည်။သို့ဖြစ်၍ မြန်မာစာပေ ယဉ်ကျေးမှုသည်တိမ်ကောမသွား၊ပပျောက် ၍မသွားဘဲ ကမ္ဘာ့အလယ်တွင်သူရိယနေ မင်း၊စန္ဒာလမင်းနှင့်စကြဝဠာတိုက်အပေါင်း မှကြယ်တာရာများပမာထွန်းလင်းတောက် ပ၍ နေရာယူလျက်ရှိနေရန်မှာ မြန်မာတစ် မျိုးသားလုံး၏တာဝန်သာဖြစ်ပါကြောင်း ဆန္ဒပြုရေးသားဖော်ပြလိုက်ရပါသည်။