images
UN
UN
အာဆီယံနိုင်ငံများ အလေးပေးကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသော စွန့်ပစ်ပလတ်စတစ်အမှိုက်ပြဿနာများ
ပြည့်ဖြိုးနိုင် Tuesday, 09 July 2019
စနစ်တကျပြုလုပ်ခဲ့သောလေ့လာမှု များအရ တစ်ကမ္ဘာလုံးမှ စွန့်ပစ်လိုက် သည့်အမှိုက်အသွင်ရှိသောအရာများ၏ ၇၅ ရာခိုင်နှုန်းသည် အာရှဒေသတွင် အဆုံးသတ်လေ့ရှိကြောင်း တွေ့ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်နောက်ပိုင်းတွင် ရင်ဆိုင်လာ ရသည့်အကျပ်အတည်းများကြောင့် အာရှ ဒေသကြီးနိုင်ငံအကျယ်အဝန်း ကျယ်ပြန့် သည့်နိုင်ငံတစ်နိုင်ငံဖြစ်သောတရုတ်နိုင်ငံ သည် နိုင်ငံအတွင်းသို့ ပလတ်စတစ်များ တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။ သို့ သော် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြ သောအာဆီယံနိုင်ငံများသည် ချမ်းသာြ<ွကယ်ဝသည့်နိုင်ငံများမှစွန့်ပစ်လိုက်သည့် အမှိုက်အသွင်ပစ္စည်းများ စုပုံရာဒေသ တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံက နိုင်ငံအတွင်းသို့ ပလတ် စတစ် တင်သွင်းမှုအား ပိတ်ပင်ခဲ့ပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်၊ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အမှိုက်အသွင် ရှိသောပလတ်စတစ်များတင်သွင်းမှုအခြေ မှာ နှစ်ဆနီးပါးအထိ မြင့်တက်လာခဲ့ သည်။
စွန့်ပစ်လိုက်သည့်အမှိုက်အသွင်ရှိ သောပလတ်စတစ်များ တင်သွင်းမှု မြင့် တက်လာခဲ့ပြီးနောက်တွင် အာဆီယံနိုင်ငံ များတွင် နေထိုင်သူများ၏မကျေနပ်မှု အခြေအနေများ တိုးပွားလာခဲ့သည်ဟု တွေ့ရှိထားသည်။ အာဆီယံနိုင်ငံများရှိ အစိုးရများအနေဖြင့် အခြားနိုင်ငံများမှ စွန့် ပစ်လိုက်သည့်အရာများ စုပုံလာသည့်နေ ရာဟု သတ်မှတ်လာခြင်းများကိုငြင်းဆန် မှုများလည်း ပြုလုပ်လာခဲ့သည်။ ပြီးခဲ့ သောလပိုင်းများအတွင်း၌ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများသည် အနောက်နိုင်ငံ များမှ တင်သွင်းလာသောကုန်စည်များ ထဲတွင်စွန့်ပစ်ပစ္စည်းများအသွင်ရှိနေသော ကုန်စည်များအား နိုင်ငံအတွင်းသို့ တင် သွင်းခွင့်ပေးမည်မဟုတ်ဘဲ တင်ပို့သည့် နိုင်ငံသို့ ပြန်လည်တင်ပို့သွားမည်ဟုဆုံး ဖြတ်ခဲ့ကြသည်။ ဖိလစ်ပိုင်သည် တောင် ကိုရီးယားနှင့် စပိန်နိုင်ငံများမှတင်သွင်း လာသောစွန့်ပစ်ပစ္စည်းများအား နိုင်ငံ အတွင်းသို့ တင်သွင်းခွင့်မပေးဘဲ ပြန် လည်ပေးပို့ခဲ့သည်။ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများသည် စွန့်ပစ် ပလတ်စတစ်များ တင်သွင်းခြင်းကို ပိတ် ပင်မှုများ စတင်ပြုလုပ်ခဲ့သည့်အပြင် လာ မည့်နှစ်ပိုင်းများအတွင်း စွန့်ပစ်ပလတ်စ တစ်များ တင်သွင်းခြင်းအား အပြီးသတ် ပိတ်ပင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။
သို့သော် အမှိုက်အသွင်ရှိသောစွန့်ပစ် ပစ္စည်းများအား တင်ပို့သည့်နိုင်ငံများသို့ ပြန်လည်တင်ပို့ခြင်းနှင့်တားဆီးကန့်သတ် မှုများ ပြုလုပ်ခြင်းများသည် အာဆီယံ ဒေသတွင်း၌ စွန့်ပစ်အမှိုက်များနှင့်ဆိုင် သောအကြောင်းအရာများအား အပြောင်း အလဲဖြစ်စေခြင်း သို့မဟုတ် တိုးတက်မှု ဖြစ်စေခြင်းများ ပိုင်ဆိုင်မည်လားဟု သုံး သပ်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။ စွန့် ပစ်အမှိုက်များနှင့်ပလတ်စတစ်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များ ပိုမိုဖြစ်ပေါ်လာလျက်ရှိသည့်အပြင် လူမှုရေးကဏ္ဍအပေါ်အကျိုးသက်ရောက် မှုများလည်း ပိုမိုကြီးမားလာသည်ဟု တွေ့ရှိထားပြီးဖြစ်သည်။ Global Alliance for Incinerator Alternatives မှ ထုတ်ပြန်သောအစီရင်ခံစာအတွင်း၌ အာ ဆီယံနိုင်ငံများပိုင်ဆိုင်သည့်ရေထုများ သည်စွန့်ပစ်အမှိုက်များနှင့်ပလတ်စတစ် များကြောင့် ညစ်ညမ်းမှုနှုန်း ပိုမိုမြင့်တက် နေကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် ကောက်ပဲသီးနှံထွက်ရှိမှုနှုန်းလျော့ကျလာ ခြင်း၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ် လာခြင်း၊ ပလတ်စတစ်များအား စားသုံး မိခြင်းကြောင့် ရေနေသတ္တဝါများ သေ ဆုံးမှုနှုန်း မြင့်တက်လာခြင်းကဲ့သို့သော အကျိုးဆက်များကိုပါ ပိုမိုရင်ဆိုင်လာရ ကြောင်း အစီရင်ခံစာအတွင်း၌ ဖော်ပြခဲ့ သည်။ ဆိုးကျိုးရင်ဆိုင်ရမှုများ မြင့်တက် လာခြင်းကြောင့်အာဆီယံနိုင်ငံအချို့သည် စွန့်ပစ်အမှိုက်များနှင့်ပလတ်စတစ်များ တင်သွင်းမှုအပေါ် ကန့်သတ်ပိတ်ပင်မှုများ စတင်ပြုလုပ်ရန် ဆုံးဖြတ်လာခဲ့ခြင်းဖြစ် သည်။ အထူးသဖြင့် ငွေကြေးချမ်းသာြ<ွကယ်ဝသည့်အနောက်အုပ်စုဝင်နိုင်ငံများ မှ တင်ပို့လာသောစွန့်ပစ်အမှိုက်များကို ပစ်မှတ်ထားရန် အလေးပေးလာခြင်းဖြစ် သည်ဟု ဆိုရမည်ဖြစ်သည်။
အန္တရာယ်ရှိသောစွန့်ပစ်အမှိုက်များ နှင့်ဆိုင်သည့်တစ်ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းတစ်ရပ်ဖြစ်သောBasel Convention က ပြီးခဲ့သည့်မေလအတွင်း၌ လိုက်နာရမည့်အချက်အချို့အား ပြင်ဆင် မှု ပြုလုပ်ခဲ့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တစ်ဆင့်ပြန်လည်အသုံးပြုနိုင်ခြင်းမရှိသော ပလတ်စတစ်များ တင်ပို့ရာတွင် ၄င်းတို့ ၏သဘောတူညီချက် ရယူရမည်ဆိုသော အချက်သို့ ပြောင်းလဲခဲ့ခြင်းမှာ အပေါင်း လက္ခဏာဆောင်သည့်ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သည်ဟု သတ်မှတ်ရဖွယ်ရှိသည်။ သို့သော် အဆိုပါပြင်ဆင်ချက်သည် ၂ဝ၂ဝ ပြည့်နှစ်ရောက်ရှိမှသာ စတင် အသက်ဝင်လာမည်ဖြစ်သည့်အပြင် အမေ ရိကန်ကဲ့သို့ ကမ္ဘာပေါ်တွင် စွန့်ပစ်ပလတ် စတစ်အမှိုက်များအများဆုံးတင်ပို့နေသည့် နိုင်ငံကအဆိုပါသဘောတူညီချက်အတွင်း ၌ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိ မှုများက စိန်ခေါ်မှုများနှင့်ဆက်လက်ရင် ဆိုင်ရမည်ဟု သတိပေးသကဲ့သို့ဖြစ်နေ သည်။ သို့သော် Basel Convention က ထိုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်လိုက် ခြင်းကြောင့် တစ်ဦးချင်းဝင်ငွေမြင့်မား သည့်နိုင်ငံများအား ၄င်းတို့၏အမှိုက် ပြဿနာများအား ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့ကာ ဖြေရှင်းခြင်းထက် ကိုယ်ပိုင် နည်းလမ်းများဖြင့်သာ ဖြေရှင်းသည့် အခြေအနေသို့ ပြောင်းလဲလာစေရန်မျှော် လင့်ထားကြောင့် သတင်းထုတ်ပြန်ခဲ့ သည်။ ဝင်ငွေမြင့်မားသောဖွံ့ဖြိုးပြီးနိုင်ငံ များမှ တင်ပို့လိုက်သော အမှိုက်များနှင့် ပလတ်စတစ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အား ဝန်ပိစေခြင်းများအပြင် အခြားဆိုး ကျိုးသက်ရောက်မှုများကြုံတွေ့လာသည် အထိအကျိုးသက်ရောက်လာခြင်းကြောင့် သတိပြုကိုင်တွယ်ရမည့်အနေအထားသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
(Ref; Southeast Asia’s plastic waste problem By Danny Marks )
(ဆက်လက်ဖော်ပြပါမည်)