images
UN
UN
ရာသီတုပ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောမှု ကြိမ်ချောင်းကျေးရွာအုပ်စုတွင်ပြုလုပ်
Tuesday, 09 July 2019
ဘိုကလေးမြို့နယ် ကြိမ်ချောင်းကျေး ရွာအုပ်စုအတွင်းရှိ ပန်းဖူး၊ ကြိမ်ချောင်း၊ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေးအပြင်းဖျားရောဂါဖြစ်ပွားမှု များနေခြင်းအတွက် ကျေးရွာအုပ်ချုပ်ရေး မှူးနှင့် ကျေးရွာခုတင်(၂၅)မှ ဆရာဝန် ကြီးတို့က ဦးဆောင်ပြီး ရပ်မိရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးအဖွဲ့ ဝင်များ၊ လူငယ်များ၊ ပရဟိတအဖွဲ့များက ကျေးရွာနေပြည်သူများအားရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးဟော ပြောပွဲများပြုလုပ်ခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်ခြင်းများကို ယနေ့ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။