images
UN
UN
ငါတစ်ပါးမင်းတို့ရွာ (ကဗျာ)
Tuesday, 09 July 2019

* ဤနေရာတွင်
ငါရှေ့တန်းက နေကာပြမှ
ဟန်ကျပေမည်။
* ဤအကြောင်းတွင်
ငါခေါင်းခံပြ မျက်နှာရမှ
ပွဲလှပေမည်။
* ဤသဘောတွင်
ငါဟောပြောပြ ရှင်းလင်းရမှ
ဟုတ်လှပေမည်။
* ငါမှတစ်ပါး အခြားမရှိ
ကဝိတစ်ဆူ ငါဟူသည်ကား
ငါတစ်ပါးမင်း ဘုန်းရောင်လင်းတည့်။
* မင်းပေါင်းစုံကြား လှည့်လည်သွားရင်း
အကြွားအဝါ ပကာသန
ဟန်ရေးပြရင်း ငါ့ထက်တော်များ
ရှိတကားဟု လားလားမသိ။
* ငါကြောင်တောင်ကန်း အမှောင်လွှမ်းလျက်
စမ်းတဝါးဝါး လမ်းအမှားမှား
သွားလိုရာမရောက် ပန်းတိုင်ပျောက်လည်း။
' မောက်မောက်မာမာ
ငါမာန်တက်ခြင်း စုဖွဲ့ပင်းလျက်
တစ်သင်းတစ်အုပ် ပုတ်သင်လုပ်ရင်း
လက်ခုပ်သြဘာ ဆူညံလျက်။
သက်နိုင်(ကြို့ပင်ကောက်)