images
UN
UN
ဒီမိုကရက်တစ်သမ္မတရွေးကောက်ပွဲတွင် ဘီလျံနာTom Steyer ဝင်ရောက်ယှဉ်ပြိုင်မည်
KK Wednesday, 10 July 2019
ဘီလျံနာသူကြွယ်တစ်ဦးဖြစ် သူ Tom Steyer သည် ၂ဝ၂ဝ ပြည့် နှစ်သမ္မတရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သွားမည်ဟု ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။ ဒီမိုကရက်တစ်ဦးအနေဖြင့် သမ္မတ ဒေါ်နယ်ထရန့်ကို ရာထူးမှဖြုတ်ချ ရန် အံတုကာယှဉ်ပြိုင်သွားမည်ဟု လည်းထည့်သွင်းပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး ထရန့်အား တရားစွဲဆိုရေးဆောင်ရွက်မှုကို ထောက်ခံအားပေးသူတစ်ဦးဖြစ် သည့် လစ်ဘရယ်ဝါဒသမားTom Steyer သည် လစ်ဘရယ်အရေး ကိစ္စများအတွက် ဒေါ်လာသန်း ပေါင်းများစွာ လှူဒါန်းခဲ့သူဖြစ် သည်။ Tom Steyer သည် ပြည်သူ လူထုထံသို့ အာဏာချပေးရေးကို အဓိကထားပြောကြားသွားခဲ့ပြီး နိုင်ငံ၏ဖြေရှင်းရန်ခက်ခဲသည့် ပြဿနာရပ်အများစုအတွက် စီး ပွားရေးလုပ်ငန်းစုများကို အပြစ် တင်ဝေဖန်ခဲ့သည်ဟု သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ ငွေရှင်ကြေးရှင်တစ်ဦးဖြစ်သူTom Steyerသည် ယခင်က သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင် မည်မဟုတ်ဟု ပြောကြားထားသူ ဖြစ်သည်။ Forbes မဂ္ဂဇင်း၏ဖော် ပြချက်အရTom Steyer သည် အသားတင်ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိ သည်ဟု သိရသည်။
Ref: BBC News