images
UN
UN
ဂျပန်တင်ပို့ကုန်ထိန်းချုပ်ဟန့်တားမှု အချိန်ကြာမြင့်ဖွယ်ရှိဟု တောင်ကိုရီးယားသမ္မတပြောကြား
KK(IR) Wednesday, 10 July 2019
တောင်ကိုရီးယားနည်းပညာလုပ်ငန်းများမှ အသုံးပြုနေသည့် အဓိကကုန်ပစ္စည်းများအပေါ် ဂျပန်နိုင်ငံ၏ တင်ပို့ကုန်ထိန်းချုပ်ဟန့် တားမှုများသည် အချိန်ကြာမြင့်ဖွယ်ရှိကြောင်းနှင့်လုပ်ငန်းများအနေ ဖြင့် ဂျပန်တင်ပို့သူများအပေါ် မှီခိုနေရခြင်းကိုလျော့ပါးစေရန် ကူညီ ပေးရေးအတွက် ၄င်း၏အစိုးရသည် အသုံးစရိတ်များကို သိသိ သာသာတိုးမြှင့်သုံးစွဲနေကြောင်း တောင်ကိုရီးယားသမ္မတမွန်ဂျေးအင် က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း တွင် ဂျပန်က စမတ်ဖုန်းမျက်နှာ ပြင်များနှင့် chips အပြားများတွင် သုံးစွဲသည့် ပစ္စည်းသုံးမျိုးကို တင်ပို့မှုအပေါ်ကန့်သတ်မှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်လုပ်ငန်းများအတွက် တောင်ကိုရီး ယားနိုင်ငံသားများကို အတင်းအဓမ္မစေခိုင်းမှုနှင့်ပတ်သက်ပြီး တောင် ကိုရီးယားအစိုးရနှင့် အငြင်းပွားမှုဖြစ်ပွားသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဂျပန်ကပြောကြားခဲ့သည်။
ယင်းကဲ့သို့ဖြစ်ပွားမှုကြောင့် တောင်ကိုရီးယား၏ နည်းပညာ လုပ်ငန်းကြီးများဖြစ်သည့်Samsung Electronics နှင့် Apple Inc အတွက်ဆောင်ရွက်ပေးနေသည့်SK Hynix နှင့် အခြားသော စမတ် ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများအတွက် chips အပြားများပေးသွင်းမှု အပေါ်အနှောင့်အယှက်ဖြစ်စေသည်ဟု သိရသည်။ Ref: Reuters