images
UN
UN
ဆံပင်ညှပ်ပညာ ထူးချွန်သူများကို ပြည်ပပညာတော်သင်စေလွှတ်မည့် Chan Lone Hair & Makeup School
ဒဂုံဝေလင်း Wednesday, 10 July 2019
Chan Lone Hair & Makeup School မှ ဆံပင်ညှပ် ခြင်း အနုပညာဖန်တီးမှုကို ဇူလိုင် ၈ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ ဗိုလ်ချူပ်အောင်ဆန်း လမ်းရှိ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
''ကျွန်တော့်အနေနဲ့ ဒီလိုသင် တန်းတွေလုပ်ရတဲ့ အဓိကရည်ရွယ် ချက်ကတော့ ကျွန်တော်တို့တိုင်း ပြည်မှာ လူငယ်တွေကိုယ့်ဝါသနာ ကိုအရင်းခံပြီးဒီပညာလေးနဲ့ ဝမ်း စာအတွက်ကို ဖြေရှင်းနိုင်သလို မိမိ ကိုယ်ပိုင်လုပ်ငန်းလေးအဖြစ်နဲ့လည်း ပြန်လည်ဖွင့်လှစ်ပြီး ပညာတွေမျှ ဝေစေချင်တဲ့ဆန္ဒနဲ့ဆံပင်၊ မိတ်ကပ် ပညာဒါနအဖြစ် သင်တန်းတွေပို့ချ လာတာ အခုဆိုခြောက်ကြိမ်ရှိပါ ပြီ။ နောက်ပြီး ဒီလိုပွဲတွေသင်တန်း တွေလုပ်ပေးတဲ့အခါ နည်းပညာ သစ်တွေကို ပြည်ပမှာသွားရောက် လေ့လာသင်ယူတဲ့အခါ ငွေကြေး စသည်ဖြင့် မတတ်နိုင်ကြတာများ တယ်လေ။ အဲဒီလိုလူတွေအတွက် ဒီသင်တန်းဟာ အရမ်းကိုအဖိုးတန် တဲ့ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုပါပဲ။ အခုဆို ပြည်ပအထိ သွားရောက်ပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေလည်းရှိသလို ပြည် တွင်းမှာ ဆိုင်တွေဖွင်တဲ့ အနုပညာ ရှင်တွေကိုတောင် ညှပ်ပေးကြ မိတ်ကပ်လိမ်းခြယ်ပေးကြတဲ့သူ တွေ ပညာရှင်တွေ အများကြီးရှိနေ ပါပြီ''ဟု ချန်လုံးဆံပင်မိတ်ကပ် ပညာရှင်က ပြောသည်။
အဆိုပါသင်တန်းများကို Cha- n Lone Facebook Page ကနေ လည်း လူဦးရေကန့်သတ်ခေါ်ဆို လျက်ရှိကြောင်း၊ တက်ရောက်လို သူများအနေဖြင့် ထို Page ကနဦး ဆုံးစာရင်းသွင်းနိုင်ကြောင်း၊ ငွေ ကြေးမတတ်နိုင်သူများအနေဖြင့် ယင်းပညာရပ်တွင် ထူးချွန်ပါက သြစတြေးလျနိုင်ငံအထိ သွား ရောက်ပညာသင်ယူနိုင်ရန်စီစဉ် ပေးကြောင်း၊ ငွေကြေးပိုင်းနှင့်ခေါ် ဆိုသော သင်တန်းများရှိသလို၊ နှစ် စဉ် Page ကနေ အခမဲ့သင်ကြား ပေးမည်ဟုဆိုသောခေါ်ဆိုမှုများကို လည်းထုတ်ပြန်ကြေညာကြောင်း သိရသည်။