images
UN
UN
မြို့လယ်မြို့ပတ် အဆင့်မြင့်ရုံများတွင် ရုံပြိုင်ထိပ်တိုက်ပြလာသည့် ပင့်ကူလူသားအက်ရှင်ဇာတ်ကားသစ်
စာနယ်ဇင်းရေချမ်း Wednesday, 10 July 2019
Spider-Man:far from Home (ဇာတ်လမ်းအကျဉ်း)
မက္ကဆီကိုနိုင်ငံတွင်Nick Fury နှင့် Maria Hill တို့နှစ်ဦးသည် အဖျက်လုပ်ငန်းကိုလုပ်ဆောင်မည့် Elemental အဖွဲ့ထဲမှတစ်ဖွဲ့ဖြစ် သောEarth Elemental အဖွဲ့ကိုပေါ် ပေါက်လာစေမည်ဖြစ်သည့်မုန်တိုင်း တစ်ခုနှင့်ကြုံတွေ့နေရသည်။ ထို့စဉ် စူပါစွမ်းအားရှင်တစ်ယောက်ဖြစ် သောQuentin Beck ရောက်ရှိလာ ပြီး ထိုသတ္တဝါများကို တိုက်ခိုက် လေတော့သည်။ ထိုအဖြစ်အပျက် များမဖြစ်ပွားမီ ရှစ်လအလိုတွင် New york မြို့တော်၏ Midtown သိပ္ပံနှင့်နည်းပညာကျောင်းဒုတိယ နှစ်ဝက်ကျောင်းပိတ်အပြီး စာသင် နှစ်ပြန်စသောအချိန်တွင် ကျောင်း သား ကျောင်းသူများစုဝေးလျက် ဥရောပတိုက်သို့နွေရာသီကွင်းဆင် လေ့လာရေးခရီးတစ်ခု ထွက်ကြ သည်။ထိုခရီးစဉ်တစ်လျှောက်တွင် Peter Parker သည် သူယုံကြည် လေးစာရဆုံးပုဂ္ဂိုလ်Tony Stark ကွယ်လွန်သွားသည့်အပေါ် ဝမ်း နည်းစိတ်မကောင်းဖြစ်နေဆဲမှာ ပင် တစ်စထက်တစ်စ ကြီးထွားလာ သော ဝမ်းနည်းစိတ်ကို မိမိအတန်း ဖော်သူငယ်ချင်းဖြစ်သူ MJ အား ရင်ဖွင့်ပြောဆိုရန် ကြံရွယ်ခဲ့သည်။သူသည် အဒေါ်ဖြစ်သူAunt May နှင့်အတူ အိမ်ခြေမဲ့များအတွက်ရန် ပုံငွေမတည်ပွဲသို့ တက်ရောက်နေ စဉ် Fury ထံမှဖုန်းခေါ်ဆိုလာမှုကိုSt-arkုနှင့်ပတ်သက်သောပြဿနာ မေးခွန်းတစ်ခုဖြင့် Message ချန် မေးလျက်ဖြတ်တောက်ခဲ့သည်။