images
UN
UN
''နိုင်ငံကြီးသား'' ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ် ၈ ရက်မှစတင်၍ တစ်ပြည်လုံးတွင် ရုံတင်ပြသမည်
မောင်စိန်ဝင်း Wednesday, 10 July 2019
ပြည်တွင်းရှိ ထုတ်လုပ်ဖြန့်ချိရိုက်ကူး နေသော ရုပ်ရှင်ဇာတ်ကားများမှာ ယခု အခါ အရည်အသွေးပိုမိုတိုးတက်လာပြီး မြန်မာရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှု အား ပေးကြသူများပြားလာသောကြောင့် တစ်မူထူးခြားစွာရိုက်ကူးနေသည့် နာမည် ကြီးအနုပညာရှင်ရုပ်ရှင် သရုပ်ဆောင် ၁၄ ဦးနှင့်အခြားသရုပ်ဆောင်များပါဝင်သော ''နိုင်ငံကြီးသား'' ရုပ်ရှင်ဇာတ်ကားကြီး ကို သြဂုတ် ၈ ရက်မှစတင်၍ တစ်ပြည်လုံး တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိ ရသည်။
ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) က''ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာကြီးပြင်း လာတဲ့ ကျွန်တော်တို့ဟာ နိုင်ငံကြီးသား တွေပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုယ့်တိုင်း ပြည်ကို ကိုယ်ချစ်ကြတယ်။ ကိုယ့်တိုင်း ပြည်အပေါ် သစ္စာ၊စည်းကမ်းရှိကြမယ်။ ဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ ဒီ့ ထက်မကပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ နောက်တစ်ခါမှားရင်မှားတယ်ဆိုတာကို ဝန်ခံရဲရမယ်။ မှန်လို့ရှိရင်လည်း ရင်ကော့ရဲ ရမယ်။ဒီတော့ဒီစာသားလေးကိုအကြောင်း ပြုပြီး ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ် တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းကို အဓိကတည်ဆောက်သွားဖြစ်ပုံက လည်း သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ရဲ့ဆောင်ပုဒ်လေးတစ်ခုဖြစ်တဲ့''လူဆိုတာ အမှန်တရား ဘက်ကရပ်ရုံအမှန်တရားကို ထောက်ခံရုံနဲ့မပြီးသေးဘူး။အမှားကိုလည်း ဖော်ထုတ်ရမယ်။ အမှားလုပ်နေတဲ့သူတွေ ကိုလည်းဆွဲထုတ်ပြရမယ်'' ဆိုတဲ့စာသား ကို ဇာတ်ညွှန်းရေးဆရာက ကျွန်တော့်ကို ပြောပြလို့ဖတ်မိပြီး အဲ့ဒီကရလာတဲ့အသိ တစ်ခုကို အကြောင်းပြုပြီး ရိုက်ကူးထား တာပါ။ ဒီရုပ်ရှင်ဇာတ်ကားက ပွဲကြည့် ပရိသတ်ပြည်သူအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်'' ဟု ရှင်းပြသည်။
အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ် ထုတ်လုပ်လိုက်သည့် ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)ပုံ ဖော်ရိုက်ကူးတင်ဆက်ထား သော အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ကြသည့်သရုပ်ဆောင်အား လုံးလိုလို မှာလည်း ဟီးရိုးသရုပ်ဆောင်များဖြစ်နေ ကြသည့်အတွက် ထိုဟီးရိုးများ မှတစ်ဆင့် ပြည်သူများအားအသိပေးခြင်းဖြစ်ပြီးတစ်မူ ထူးခြားမှုအနေဖြင့် ဝါရင့်သရုပ်ဆောင်များ ကို ရွေးချယ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
''ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ဒုစရိုက်မှုတစ်ခုဖြစ်မယ့်ဟာကို ကြိုတင် ကာကွယ်ထားမယ်ဆိုရင် ဒီဒုစရိုက်မှုက ဖြစ်လာမှာမဟုတ်ပါဘူး။ ကြိုတင်ကာ ကွယ်ထားမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် ဟာ အေးချမ်းသာယာသွားမှာဖြစ်ပြီး ရပ် ကွက်အေးချမ်းပြီဆိုရင် မြို့နယ်၊ မြို့နယ်က တစ်ဆင့်မြို့၊ မြို့ကတစ်ဆင့်နိုင်ငံပါအေး ချမ်းသွားမှာဖြစ်တဲ့အတွက် ကျွန်တော်သိ တဲ့အသိတစ်ခုကိုပရိသတ်အတွက် ဝေငှပေး ချင်တဲ့သဘောတရားနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုံတင်ပြသတဲ့အခါကျရင် လည်း ပွဲကြည့်ပရိသတ်များလာရောက် အားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်''ဟု ၄င်း ကပြောသည်။
''နိုင်ငံကြီးသား''ရုပ်ရှင်ဇာတ်ကား၌ အကယ်ဒမီနေတိုး၊အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီထွန်းထွန်း၊နေထက်လင်း၊ နေ မျိုးအောင်၊ အကယ်ဒမီဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီး၊ အောန်ဆိုင်း၊ဆာရာဆောင်းဦးနှင့် အနုပညာ ရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြ ကြောင်း သိရသည်။