images
UN
UN
နိုင်ငံ၏ရန်သူဖြစ်လာနိုင်သူများအား ပြတ်ပြတ်သားသား ကိုင်တွယ်ချေမှုန်းရန် ဖိလစ်ပိုင်စစ်တပ်အား တိုက်တွန်း
NG(Ref; AFP) Wednesday, 10 July 2019
ဖိလစ်ပိုင်သမ္မတဒူတာတီသည် ဖိလစ်ပိုင် စစ်တပ်အနေဖြင့် နိုင်ငံ၏ရန်သူဖြစ်လာနိုင်သူ များအား ပြတ်ပြတ်သားသားကိုင်တွယ်ချေမှုန်း ရန် တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်း ဌာနက ဖော်ပြသည်။
ဒူတာတီသည် ယခင်ကလည်း နိုင်ငံ၏ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်ဆိုင်သောဖြစ်စဉ် များ ဖြစ်ပေါ်လာခဲ့ပါက စစ်တပ်အား လုပ် ပိုင်ခွင့်အပြည့်ပေးအပ်ကာ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့သူဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းပေါ်တွင် အရှေ့ အလယ်ပိုင်းဒေသတွင် အခြေစိုက်လှုပ်ရှားခဲ့ သောအစွန်းရောက်အကြမ်းဖက်အဖွဲ့များနှင့် အချိတ်အဆက်ရှိသည့်ခွဲထွက်ရေးအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များက ဘာသာမတူသူများ အား သုတ်သင်ခြင်းနှင့် ခွဲထွက်ရေးလှုပ်ရှားမှု များ လုပ်ဆောင်လာချိန်တွင် အဆိုပါဒေသ များအား စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အစွန်းရောက်အဖွဲ့များနှင့်အကြမ်းဖက်အဖွဲ့များ ကို အမြစ်ပြတ်သည်အထိ နှိမ်နင်းခဲ့သူဖြစ် သည်။ ဒူတာတီက ''ကျွန်တော်တို့နိုင်ငံထဲ မှာ စိုးရိမ်ရနိုင်တယ်လို့ သတ်မှတ်ရမယ့်ဖြစ် စဉ်တွေ တွေ့နေရပါတယ်။ ဒီတော့ ဖိလစ်ပိုင် စစ်တပ်ကိုပြောချင်တာက နိုင်ငံအတွက် ရန်သူ ဖြစ်လာနိုင်ခြေရှိတဲ့သူတွေနဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နိုင်တဲ့သူတွေကို ဘာကိုမှမထောက် ထားဘဲ ပြတ်ပြတ်သားသားနှိမ်နင်းချေမှုန်း လိုက်ဖို့ ဖြစ်ပါတယ်''ဟု ပြောသည်။