images
UN
UN
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်နှုတ်ထွက်မှုကြောင့် အကျိုးဆက်ကြီးသောဖြစ်စဉ်များ ဖြစ်ပေါ်လာဖွယ်ရှိ
NG(Ref; BBC) Wednesday, 10 July 2019
အမေရိကန်နိုင်ငံဆိုင်ရာဗြိတိန်သံအမတ်အဖြစ်တာဝန်ထမ်းဆောင်နေ သောကင်မ်ဒါလော့သည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဗြိတိန်နှင့်အမေရိကန်ကြားရှိ ဆက်ဆံရေးအပေါ် ထိခိုက်ဖွယ်ရှိနေကာ အကျိုးဆက်ကြီးမားသောဖြစ်စဉ်များ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။
ကင်မ်ဒါလော့သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်ဆိုင်သည့် လျှို့ဝှက်အဆင့်ရှိသောအကြောင်းအရာများအား ပေါက်ကြားခဲ့ခြင်း အတွက် တာဝန်ရှိသည်ဟု ယူဆဖွယ်ဖြစ်နေသောကြောင့် ရာထူးမှ နုတ် ထွက်သွားခြင်း ဖြစ်သည်ဟု ယူဆလျက်ရှိသည်။ ဒေါ်နယ်ထရန့်သည် ၄င်း၏ကိုယ်ပိုင်တွစ်တာစာမျက်နှာအသုံးပြုမှုနှင့် အမေရိကန်အခြေခံဥပဒေ အား ချိုးဖောက်ရာရောက်သည်ဟု သတ်မှတ်နိုင်သည့်အပြုအမူပြုလုပ်ခဲ့ သည်ဟု စွပ်စွဲခံနေရကာ ကင်မ်ဒါလော့ထံမှ ပေါက်ကြားခဲ့သောအကြောင်း အရာများသည် အဆိုပါဖြစ်စဉ်နှင့်ဆက်စပ်လျက်ရှိသည်။ ဗြိတိန်နေ့စဉ် ထုတ်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သော ကင်မ်ဒါလော့၏ မှတ်တမ်းများသည် ဒေါ်နယ်ထရန့်အား ဖိအားများဖြစ်ပေါ်စေခဲ့ခြင်း ကြောင့် ရာထူးမှနုတ်ထွက်ခြင်းဖြစ်သည်ဆိုသောသုံးသပ်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။