images
UN
UN
မန်ယူသည် ကစားသမားရောင်းရန်မလိုသောအသင်းဟု ဆိုးလ်ရှားပြော ကစားသမားများအတွက် ရင်းနှီးမြှုပ်နှံမှုထပ်မံပြုလုပ်ဦးမည်ဟု ဖွင့်ဟ
Wednesday, 10 July 2019

မန်ယူနည်းပြ ဆိုးလ်ရှားက မိမိတို့သည် ကစားသမားရောင်းချ ရန် လိုအပ်ချက်ရှိနေသောအသင်း မျိုးမဟုတ်ဟု ပြောကြားလိုက် သည်။ လက်ရှိတွင် မန်ယူမှကွင်း လယ်လူ ပေါ့ဂ်ဘာနှင့်တိုက်စစ်မှူး လူကာကူတို့သည် အပြောင်းအရွှေ့ သတင်းများ ထွက်နေကြသည်။ အထူးသဖြင့် ပေါ့ဂ်ဘာကို ဂျူဗင် တပ်နှင့်ရီးရဲလ်က လိုချင်နေပြီး ကစားသမား၏အေးဂျင့်ကလည်း အသင်းမှပေါ့ဂ်ဘာထွက်ခွာနိုင်ခြေ ကို ဆက်တိုက်ပြောကြားနေခြင်း ကြောင့် ယခုနွေရာသီတွင် မန်ယူ မှထွက်ခွာနိုင်ခြေအမြင့်ဆုံးကစား သမားဖြစ်နေသည်။
မန်ယူသည် လက်ရှိတွင် ခြေ စမ်းပွဲများယှဉ်ပြိုင်ကစားရန်သြစ တြေးလျသို့ရောက်ရှိနေပြီး ရာသီ သစ်မတိုင်မီ ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုးလ် ရှားက ယခုကဲ့သို့ပြောကြားခဲ့ခြင်း လည်းဖြစ်သည်။ ''မန်ယူကစား သမားတွေကို ဘယ်အသင်းကမှ ကမ်းလှမ်းမှုလုပ်မထားဘူးဆိုတာ ကို ကျွန်တော်သိထားပါတယ်။ သတင်းဌာနတွေက ဖော်ပြချက် တွေအားလုံးဟာ အမှန်မဟုတ်သ လို ကစားသမားတွေရဲ့အေးဂျင့် တွေကလည်း သူတို့လူတွေနဲ့ပတ် သက်ပြီး စိတ်ထဲမှာရှိတာကို ပြော နိုင်ကြပါတယ်။ ဒါပေမယ့် တကယ့် အခြေအနေမှာတော့ ဒီလို မဟုတ်ပါဘူး။ ပေါ့ဂ်ဘာနဲ့ပတ် သက်ပြီး ကျွန်တော် စိတ်ပူရတာ မျိုးမရှိခဲ့သလို သူက ဘယ်အချိန် ပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားပါ။ နောက်ပြီး ပေါ့ဂ် ဘာဟာ ကျွန်တော်တို့နဲ့ စာချုပ် သက်တမ်းအများကြီးကျန်နေပါ သေးတယ်။ အဓိကအချက်က တော့ ကျွန်တော်တို့ မန်ယူအသင်း ဟာ ကစားသမားတွေကို ရောင်း ချပြီး ငွေရှာဖို့ ဘယ်တုန်းကမှ ဖိအားရှိမနေဘူးဆိုတာပါဘဲ'' ဟု ဆိုးလ်ရှားက ပြောခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက လူငယ် ကစားသမားနှစ်ဦးအတွက် ပေါင် သန်း ၇ဝ နီးပါးအသုံးပြုခဲ့ခြင်း အတွက်လည်း ကာကွယ်ပြောကြား ခဲ့ပြီးကစားသမားများအတွက်ရင်းနှီး မြှုပ်နှံမှုများ ထပ်မံပြုလုပ်ဦးမည်ဟု ဆိုခဲ့သည်။ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်အား ခေါ်ယူမှု အတွက် ပေါင် ၁၈ သန်းသာကျ သင့်ခဲ့သော်လည်း နောက်ခံလူ ဝမ် ဘစ်ဆာကာအတွက် ပေါင်သန်း ၅ဝ ကုန်ကျခဲ့သည်။ ဘစ်ဆာကာ အားခေါ်ယူမှု၌ မန်ယူအသုံးပြုခဲ့ ရသည့် ငွေပမာဏမှာ များပြား လွန်းသည်ဟူသော သုံးသပ်မှုများ ရှိနေသည်။ သို့သော် ဆိုးလ်ရှား က မိမိတို့အနေဖြင့် ကစားသမား များအတွက် ¤င်းတို့၏အသင်းများ မှ တောင်းဆိုသော မြင့်မားသည့် ပြောင်းရွှေ့ကြေးများကို ပေးမည် မဟုတ်ဟု ပြောကြားခဲ့ပြီး ဒန်နီ ရယ်ဂျိမ်းစ်နှင့်ဝမ်ဘစ်ဆာကာတို့ နှစ်ဦးစလုံးသည် အသင်း၏အသုံး ဝင်သော အစိတ်အပိုင်းများဖြစ်လာ လိမ့်မည်ဟု တုံ့ပြန်ခဲ့သည်။ ထို့ ပြင် ဆိုးလ်ရှားက ဂိုးသမားဒီဂီယာ ကို စာချုပ်သက်တမ်းတိုးရန် ကမ်း လှမ်းထားမှု၌ ကောင်းမွန်သည့် ကိစ္စများရှိနေကြောင်း ပရိသတ် များကို သတင်းပေးခဲ့ပြီး ချီလီနှင့် အတူ ရရှိခဲ့သောဆန်းချက်ဇ်၏ ဒဏ်ရာသည်လည်း ပြင်းထန်ခြင်း မရှိဟု ပြောကြားသွားခဲ့သည်။
Ref ;Dailymail