images
UN
UN
ရီးရဲလ်တိုက်စစ်မှူးမာရီယာနိုဒီရက်ဇ်အား အာဆင်နယ်ကမ်းလှမ်း
Wednesday, 10 July 2019
အာဆင်နယ်သည် ရီးရဲလ် မက်ဒရစ်တိုက်စစ်မှူး မာရီယာနို ဒီရက်ဇ်အား ပေါင် ၁၈ သန်းဖြင့် ကမ်းလှမ်းလိုက်သည်။ ဒီရက်ဇ် သည် ပြီးခဲ့သောဘောလုံးရာသီ တွင် လာလီဂါပွဲစဉ် ၁၃ ပွဲ ပါဝင် ကစားခဲ့ရပြီး သုံးဂိုးသွင်းယူပေး ထားနိုင်သူဖြစ်သည်။ တိုက်စစ်မှူး ဘန်ဇီးမား၏နောက်တွင် ဒုတိယ ဦးစားပေးအဖြစ်သာသတ်မှတ်ခြင်း ခံထားရ၍အသင်းပြောင်းရန် အစီ အစဉ်ရှိနေသူလည်းဖြစ်သည်။
အာဆင်နယ်သည် တိုက်စစ် မှူးဝဲလ်ဘတ်ကို ပြီးခဲ့သောရာသီ ကုန်တွင်ထွက်ခွာခွင့်ပေးခဲ့သော ကြောင့် အူဘာမီရန်နှင့်လာကာ ဇက်တို့နှစ်ဦး၏နောက်တွင် အရန် တိုက်စစ်မှူးမရှိတော့၍ ဒီရက်ဇ် ကို လိုချင်နေခြင်းဖြစ်သည်။ သို့ သော် အာဆင်နယ်ကမ်းလှမ်းသည့် ပေါင် ၁၈ သန်းကို ရီးရဲလ်မက် ဒရစ်က လက်ခံဖွယ်မရှိကြောင်း လည်းသိရသည်။ အာဆင်နယ် သည် ယူရိုပါလိဂ်ပြိုင်ပွဲသာ ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော ကြောင့် ယခုနွေရာသီအတွက် အပြောင်းအရွှေ့အသုံးငွေမှာ ပေါင် ၄၅ သန်းသာရရှိထားသောအသင်း ဖြစ်သည်။ ထို့ကြောင့် ရီးရဲလ် မက်ဒရစ်က တိုးမြှင့်ကမ်းလှမ်းမှု ပြုလုပ်ရန်တောင်းဆိုပါက လက် လွှတ်ရမည့်အနေအထားဖြစ်သည်။
Ref ;Mirror