images
UN
UN
ဘာစီလိုနာနောက်ခံလူ ပီကေး ဒဏ်ငွေချမှတ်ခံရ
Wednesday, 10 July 2019
ဘာစီလိုနာနောက်ခံလူ ပီကေးသည် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ အခွန်ရှောင်လွှဲခဲ့ခြင်းကြောင့် ယူရို ၂ ဒသမ ၁သန်း အထိ ဒဏ်ငွေချမှတ်ခြင်းခံခဲ့ရသည်။ ပီကေးသည် အဆိုပါနှစ်များ အတွင်း ပုံရိပ်အသုံးပြုမှုဆိုင်ရာမှ ရရှိသော ဝင်ငွေများကို အခွန် ရှောင်လွှဲခဲ့သည်ဟု စပိန်အမျိုးသားတရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ ခြင်းလည်းဖြစ်သည်။ ပီကေးသည် ¤င်း၏အခွန်စွဲချက်အတွက် ၂ဝ၁၆ခုနှစ်တွင် အယူခံဝင်ထားခြင်းဖြစ်ပြီး ယနေ့တွင် ဆုံးဖြတ် ချက်ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ ပီကေး၏ ဇနီးသည်ဖြစ် သူ ကိုလံဘီယာအဆိုတော် ရှာကီယာသည်လည်း စပိန်နိုင်ငံတွင် အခွန်ရှောင်လွှဲမှုသံသယဖြင့် စုံစမ်းစစ်ဆေးခြင်းခံနေရဆဲဖြစ်သည်။ စပိန်သည် မကြာသေးမီနှစ်များအတွင်း ထိပ်တန်းကစားသမားများ ၏ အခွန်ပြဿနာများနှင့် ရင်ဆိုင်နေရသောနိုင်ငံဖြစ်သည်။Ref ;AP