images
UN
UN
ပီအက်စ်ဂျီပရိသတ်များက နေမာကို ထွက်ခွာစေချင်
Wednesday, 10 July 2019
ပီအက်စ်ဂျီပရိသတ်အများစုသည် အဓိက ကစားသမားတစ်ဦး ဖြစ်သော နေမာအား အသင်းမှထွက်ခွာစေချင်ကြကြောင်း သိရသည်။ ပြင်သစ်ထိပ်သီးအားကစားသတင်းဌာနဖြစ်သော France Footbal က အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏သဘောထားကို ဆန္ဒကောက် ခံမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နေမာနှင့်ပတ်သက်၍ ၄င်းတို့၏ဆန္ဒကို ဖော်ပြကြသော ပရိသတ်အားလုံး၏ ၇၉ ရာခိုင်နှုန်းက နေမာအား ထွက်ခွာစေချင်ကြောင်း မဲပေးခဲ့ကြသည်။ နေမာသည် ပီအက်စ်ဂျီ အသင်းပိုင်ရှင်၏ သဘောမကျမှုကို ခံခဲ့ရပြီးနောက် ယခုအပြောင်း အရွှေ့ကာလတွင် အသင်းဟောင်းဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ ရန် ကြိုးစားနေသူဖြစ်သည်။ သို့သော်ဘာစီလိုနာက ဒမ်ဘီလီသို့ မဟုတ် ကော်တင်ဟိုတို့နှစ်ဦးအတွင်းမှ တစ်ဦးကို အလိုက်ပေးမှု လက်ခံမှသာ ကမ်းလှမ်းဖွယ်ရှိသည်။ Ref ;Allfootball