images
UN
UN
အိုဇေးလ်ကို ဖီနာဘာချီအသင်း ခေါ်ယူမည်မဟုတ်
Wednesday, 10 July 2019
တူရကီကလပ်ဖီနာဘာချီသည် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် အား ခေါ်ယူနိုင်မည်မဟုတ်ကြောင်း ရှင်းလင်းချက်ထုတ်ပြန်လိုက်သည်။ ဂျာမနီလူမျိုးကွင်းလယ်ကစားသမား အိုဇေးလ်သည် တူရကီနွယ်ဖွား တစ်ဦးဖြစ်ပြီး တူရကီသမ္မတနှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိနေသူ ဖြစ်သည်။ ပြီးခဲ့သောရာသီတွင် အာဆင်နယ်၌ ပွဲထွက်ခွင့်ရရန် အို ဇေးလ်ရုန်းကန်ခဲ့ရသဖြင့် ဖီနာဘာချီက ¤င်းကိုခေါ်ယူရန် ဆက်သွယ် နေသည်ဆိုသောသတင်းများထွက်လာခဲ့သည်။ သို့သော် ဖီနာဘာချီ အသင်းက '' အိုဇေးလ်ကို ရမယ်ဆိုရင် ကျွန်တော်တို့အတွက် ပျော် စရာကောင်းမှာဖြစ်ပေမယ့် ဖြစ်လာနိုင်ဖို့တော့မရှိပါဘူး။ ကျွန်တော်တို့ အသင်းဥက္ကဋ္ဌကလည်း ကာလတိုရည်မှန်းချက်တွေအတွက် စိတ်ဝင်စား မှုမရှိပါဘူး''ဟု ပြောကြားခဲ့သည်။ အိုဇေးလ်သည် ပြီးခဲ့သောနှစ် ဖေဖော်ဝါရီတွင် သုံးနှစ်ခွဲစာချုပ် ချုပ်ဆိုထားသည်။ Ref;Metro