images
UN
UN
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြန်လည်စိစစ်ပေးရေးအတွက် ဒေသခံပြည်သူများ ဆက်လက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်
သုတ(မန္တလေး) Wednesday, 10 July 2019
မိုးကုတ်မြို့နယ်

မိုးကုတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းအား ကန့်ကွက်ရှုတ်ချသော လူထု ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ မိုးကုတ်မြို့နယ်နေပြည်သူများက ပြုလုပ်ခဲ့သည်။
''ယနေ့မိုးကုတ်မြို့မှာ ပြုလုပ်တဲ့ ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်း ဆန့်ကျင်ရှုတ်ချခြင်း လူထု ဆန္ဒဖော်ထုတ်ပွဲမှာ ငြိမ်း/စု/စီ ခွင့်ပြုမိန့်ရရှိရေးအတွက် သက်ဆိုင်ရာကို ဥပဒေနဲ့အညီခွင့်ပြု မိန့်တင်ပြတောင်းခံခဲ့ပေမယ့် သက် ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် တဲ့နေရာမှာ လက်ကိုင်ဗီနိုင်း ဆိုင်းဘုတ်များ မကိုင်ဆောင်ရ၊ ကြေွးေကြာ်သံများ မကြေွးေကြာ်ရ ဆိုတဲ့ကန့်သတ်ချက်တွေနဲ့ တားမြစ် ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ သတင်းထုတ်ရေးအဖွဲ့ ဝင်၊ တိုင်းဒေသကြီးပါတီကော် မတီဝင် ဦးကျော်စန်းက ပြောကြား ခဲ့သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းအား လက်မခံသော ပြည်သူများ စုစည်းကာ ငြိမ်းချမ်း စွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ နှင့်အညီ သက်ဆိုင်ရာသို့ တင်ပြ၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ် နှစ်ပိုင်းခွဲ၍ ပြုလုပ်ခဲ့ရာ အစီအစဉ် ပထမပိုင်း ဆန္ဒဖော်ထုတ်မှုများ အနေဖြင့် မိုးကုတ် မိုတယ်မှုံကွင်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီးနောက်မိုးကုတ် မိုတယ်မှုံကွင်းသို့ ပြန်လည်ဝင် ရောက်ပြီး စီတန်းလှည့်လည်ဆန္ဒ ဖော်ထုတ်မှုအား ရပ်နားခဲ့သည်။
ထို့နောက် အစီအစဉ် ဒုတိယ ပိုင်းအဖြစ် မိုးကုတ်မိုတယ်မှုံကွင်း တွင် ကလေးသူငယ်အခွင့်အရေး ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ် ချခြင်းနှင့် သက်ဆိုင်သော ဟော ပြောပွဲများပြုလုပ်ခဲ့ရာ ဒေသခံများ ဖြစ်သောဦးကျော်သူနှင့်ဦးမြသောင်း တို့က ကလေးသူငယ်ဆိုင်ရာဥပဒေ ကြမ်းအပေါ် ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ဟောပြောဆွေးနွေး ခဲ့ကြပြီး ဒေါ်ဆွေဆွေဝင်းက ပြည် ခိုင်ဖြိုးပါတီအပါအဝင် (၂၆)ပါတီ မှ ကလေးသူငယ်ဆိုင်ရာဥပဒေ ကြမ်းနှင့်ပတ်သက်သော သဘော ထားကြေညာချက်ကို ဖတ်ကြားခဲ့ ပြီးနောက် ဆန္ဒဖော်ထုတ်ပွဲအား ရပ်နားခဲ့ကြောင်း သိရသည်။