images
UN
UN
ဇလွန်မြို့နယ်တွင် ကလေးသူငယ်ဆိုင်ရာဥပဒေမူကြမ်းနှင့် လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်သည့် လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
ဝေယံ(ဇလွန်) Wednesday, 10 July 2019
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ကလေးသူငယ်ဆိုင်ရာဥပဒေမူကြမ်းနှင့် လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံမှုအားကန့်ကွက်သည့် လူထုဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကမ်းနားရပ်ကွက် ကျည်းပင်ဆိပ်တာဆုံမှစတင်၍ စီတန်းလှည့်လည် လူထုဆန္ဒဖော်ထုတ်ခဲ့ကြသည်။
လူထုဆန္ဒဖော်ထုတ်ရာတွင် အနာဂတ်နိုင်ငံတော် နိုင်ငံသား များကို ဆိုးကျိုးဖြစ်ပေါ်စေနိုင်မည့် ဥပဒေပြင်ဆင်ခြင်းအား ကာကွယ် နိုင်စေရန်၊ လက်ရှိဝင်ငွေနှင့် ပကတိစီးပွားရေး အဆင်မပြေသည့် အခြေအနေတွေ့ကြုံနေရသည့် ပြည်သူများ၏အခက်အခဲများ ဖြေလျှော့ နိုင်ရေး၊ ပြည်ပအကြံ လက်တွေ့ဆန်၊ နိုင်ငံခြားသားအရေး ဦးစားပေး သူများ၊ လူမျိုးခြားနိုင်ငံသားပြုခြင်းဥပဒေပြင်ဆင်ခြင်း၊ မြန်မာတိုင်း ရင်းသားလူမျိုး ဓလေ့ထုံးတမ်းများ အန္တရာယ်ကျရောက်နိုင်သည့် ဥပဒေများ၊ တို့ပြည် တို့မြေ တို့သယံဇာတ နိုင်ငံခြားသားမပိုင်ဆိုင် ရေး၊ ပြည်သူ့ကိုယ်စားလှယ်များ မြန်မာ့အကျိုးစီးပွား အလေးထား ရေး၊ မြန်မာ့အချုပ်အခြာအာဏာ မြန်မာတိုင်းရင်းသား ပိုင်ဆိုင်ရေး၊ ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှုများကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးရန် လူထုဆန္ဒဖော်ထုတ်ခဲ့ကြသည်။
စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှုအပြီး ဟောပြောပွဲကို မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်က အနာဂတ် မျိုးဆက်များဘဝလုံခြုံမြင့်မားရေးအကြောင်း ဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင် တင်မြင့်၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင် ဦးလှခိုင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ချီးမြှင့်ခဲ့သည်။