images
UN
UN
ထားဝယ်တွင် ဗစ်တိုးရီးယားအမှုအပါအဝင် သက်ငယ်မုဒိမ်းမှုများ ထိရောက်စွာဖော်ထုတ်အရေးယူပေးရေး ဆန္ဒပြ
Dawei Watch Wednesday, 10 July 2019
နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီး ယားအမှု အပါအဝင် သက်ငယ်မုဒိမ်းမှုများကို ကျူးလွန်ခဲ့သည့် တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာအရေးယူရန် ထားဝယ်မြို့တွင် ယနေ့ ပြည်သူများက ဆန္ဒပြခဲ့သည်။
ယင်းဆန္ဒပြပွဲတွင် ထားဝယ်ဒေသခံပြည်သူ များ ပူးပေါင်းပါဝင်ခဲ့ကြပြီး သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေး၊ သက်ငယ်မုဒိမ်းမှုများအား တရား မျှတစွာ ထိထိရောက်ရောက်အရေးယူဆောင်ရွက် ပေးရေး၊ ဗစ်တိုးရီးယားအမှုကဲ့သို့ ထပ်မံမပေါ် ပေါက်စေရေး စသည့်ကြေွးေကြာ်သံများဖြင့် ဆန္ဒ ပြခဲ့ကြသည်။''အခု ဆန္ဒပြပွဲက ဗစ်တိုးရီးယား တစ်ယောက်တည်းအတွက် မဟုတ် ဘဲနဲ့ ကလေးသူငယ်အားလုံးအတွက် သက်ငယ်မုဒိမ်းမှု လျော့ကျလာစေ ရေး၊ တရားဥပဒေစိုးမိုးလာစေရေး၊ တရာမျှတမှုရှိရှိနဲ့ တကယ့်တရားခံ အစစ်အမှန်ကို ဖော်ထုတ်ပြီးတော့ ထိထိရောက်ရောက်အရေးယူပေးဖို့ လုပ်တာဖြစ်ပါတယ်''ဟု ယင်းဆန္ဒပြပွဲဦးဆောင်သူ ကိုဇေလင်းဦးက ပြောသည်။
ယင်းအပြင် ထားဝယ်ဒေသတွင်လည်း သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသဖြင့် ယင်းသက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြိုတင်အစီအမံများ လုပ်ဆောင်နိုင် ရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ဆန္ဒပြရခြင်းဖြစ်ကြောင်း ယင်း ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသန်းဝင်းက ပြောသည်။
တစ်နိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် နေပြည် တော် Wisdom Hill အမှုတွင် ယာဉ်မောင်းအောင်ကြီးဆိုသူအား ပုဒ်မ ၃၇၆ ဖြင့် တရားခံဟုဆိုကာ ရဲတပ်ဖွဲ့က စွဲချက်တင်ထားသည်။