images
UN
UN
မော်လမြိုင်၌ JusticeforVictoria လူထုလှုပ်ရှားမှုပြုလုပ်မည်
မောင်စိန်ဝင်း Thursday, 11 July 2019

Victoria လေးနှင့်အခြားသော အကြောင်းအမျိုးမျိုးကြောင့် အဓမ္မ ပြုကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရ သော ကလေးသူငယ်များအပေါ် စာနာထောက်ထားသူအားလုံးက တရားခံအစစ်အမှန်ပေါ်ပေါက် ရေး၊ ကလေးသူငယ်များအား လိင်အကြမ်းဖက်ခြင်းကို လုံးဝ ပပျောက်စေရေး ဦးတည်၍ လူထု လှုပ်ရှားမှုတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီမှမွန်းတည့် ၁၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
မော်လမြိုင်မြို့ ထားဝယ် တံတား ကမ်းနားလမ်းတိုးချဲ့ရေ ပေါ်ဈေးမှ သံလွင်ဥယျာဉ်အထိပြု လုပ်သွားမည်ဖြစ်ပြီး ပါဝင်သူများ အနေဖြင့် အဖြူရောင်အင်္ကျီဝတ် ဆင်လာကြရမည်ဖြစ်ကာ စီစဉ်သူ များက စတေကာ၊ ကြွေးကြော်ရန် စာရွက်၊ ချီတက်ရာတွင် ကိုင်တွယ် မည့် ဗီနိုင်းဆိုင်းဘုတ်များကို ပြင် ဆင်ထားပြီးဖြစ်ကြောင်းနှင့်ရေသန့် ဘူးများအား ဝေငှသွားမည်ဖြစ် ကြောင်း သိရသည်။
ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ လူ့အဖွဲ့ အစည်းအတွင်း တရားဥပဒေစိုး မိုးရေး၊ နောက်ထပ်ဗစ်တိုးရီးယား များ ထပ်မံမပေါ်ပေါက်စေရေးနှင့် လွတ်လပ်လုံခြုံစိတ်ချရသည့်လူ့ အဖွဲ့အစည်းတစ်ခုကိုဖန်တီးနိုင်ရေး အတွက် Justice for Victoria လူ ထုလှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ် ကြောင်း သိရသည်။