images
UN
UN
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းကို နိုင်ငံတစ်ဝန်း ကန့်ကွက်ရှုတ်ချမှုမှတ်တမ်း
Thursday, 11 July 2019

၂ဝ၁၉ ခုနှစ် ဇွန် ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြင်ဆင်ချက်အရ ''နိုင်ငံတော် အတွင်းမွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ မွေးဖွားခြင်းကို အခမဲ့မှတ်ပုံတင်ခွင့်ရှိသည်''ဟု မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပါသည်။ ထိုဥပဒေပြင်ဆင်ချက်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအခန်း(၈) ပုဒ်မ ၇၃ ပါ''နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် မရှိစေရ''ဟူသည့်ပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်သကဲ့သို့ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ(၂၆)ပါတီက ဇွန် ၁၆ ရက်စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖော်ပြခဲ့သည့် နိုင်ငံတော်၏အနာဂတ်အတွက် အသက်တမျှအရေးကြီးသည့် ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲများ နိုင်ငံတစ်ဝန်း တိုင်း၊ ခရိုင်၊ မြို့နယ်များသာမက ရပ်ကွက်၊ ကျေးရွာများအထိ စဉ်ဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။
ကသာမြို့
ကသာမြို့ အာဇာနည်ကျောက်တိုင်ကွင်း၌ ဇူလိုင် ၆ ရက် နံနက် ပိုင်းက ကသာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ မူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချခြင်း လူထုဆန္ဒဖော်ထုတ်ပွဲကျင်းပခဲ့ သည်။
အခမ်းအနားတွင် ကသာခရိုင်ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင် ကိုစံကဥပဒေမူကြမ်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်း ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများသည် ကျောက်တိုင်ကွင်းမှ လမ်းမတော်လမ်း၊ ညဈေးတန်းလမ်း၊ အောင် သပြေလမ်းတစ်လျှောက် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားမဟုတ်သည့် ကလေးများ တရားဝင်မွေးစားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ရရှိလာစေမည့် ဥပဒေ-အလိုမရှိ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အမြန်ဆုံး စိစစ်ပြင်ဆင်ပေးပါ၊ နိုင်ငံတော်၏အနာဂတ် အမျိုးသားလုံခြုံရေးထိပါး သည့် ဥပဒေ-ဒို့လက်မခံ၊ နိုင်ငံသားမဟုတ်သည့်ကလေးသူငယ် မွေး စားခွင့်အား ကန့်ကွက်သည်၊ မွေးစားကလေးများကို သားသမီးအရင်း များနှင့်တန်းတူ အမွေဆက်ခံခွင့်နှင့် အခြားအခွင့်အရေးများပေးထားသည့် ဥပဒေ-ဒို့လက်မခံ၊ တိုင်းရင်းသားပြည်သူများအပေါ် အကျိုးစီးပွားများ ဆန့်ကျင်သည့်ဥပဒေ- အလိုမရှိ၊ ကိုဖီအာနန်အစီရင်ခံစာအရ ပေါ်ပေါက် လာရသည့် ဥပဒေ-ဒို့လက်မခံ စသည့် စာသားပါ ဗီနိုင်းပိုစတာများ ကိုင်စွဲလျက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။
မိုးညှင်းမြို့
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်စိစစ်ရေးအတွက် လူထုဆန္ဒ ဖော်ထုတ်ပွဲကို မိုးညှင်းမြို့တွင် ဇူလိုင် ၁ဝ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ သည်။
မိုးညှင်းမြို့ ပြည်ခိုင်ဖြိုးပါတီ ဧည့်ရိပ်သာရှေ့စုရပ်မှ ပြည်ထောင်စု လမ်းမကြီး၊ မြသိန်းတန်ဘုရားရှေ့၊ နောင်စွန်းတံတား၊ မိုးညှင်းမြို့မဈေး ရှေ့ပြည်ထောင်စုလမ်းမကြီးအတိုင်း နိုင်ငံသားမဟုတ်သူများ လွှမ်းမိုး မည့်အကြံ ဒို့လက်မခံ၊ နိုင်ငံခြားသားကလေးအားမွေးစားပြီး တိုင်းရင်း သား အခွင့်အရေးပေးမည့်အကြံ ဒို့လက်မခံ၊ မျိုးမစစ်ကလေးများ မွေးစားမည့်အကြံ ဒို့လက်မခံ၊ အမျိုးဖျက်မည့်အကြံ ဒို့လက်မခံ၊ ၁၉၈၂ နိုင်ငံသားဥပဒေ ကာကွယ်ရေးဒို့အရေး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအား ပြန်လည်စိစစ်ပေးရေး ဒို့အရေး၊ တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားပျက်စီးစေမည့်ဥပဒေ အလိုမရှိစသည့်ြေ<ွကးကြော်သံများ၊ြေ<ွကးကြော်ဗီနိုင်း ပိုစတာများစွဲကိုင်လျက် ဒေသခံ ပြည်သူလူထုက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မိုးကုတ်မြို့
မိုးကုတ်မြို့၌ ဇူလိုင် ၁ဝ ရက် နံနက်ပိုင်းက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေကြမ်းအား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့သည်။
ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။ ဦးစွာ ဆန္ဒဖော်ထုတ်သူများသည် မိုးကုတ်မိုတယ်မှုံကွင်းမှ ဗိုလ်ချုပ်လမ်း အတိုင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြီး မိုးကုတ်မိုတယ်မှုံကွင်းအတွင်း ပြန်လည်ဝင်ရောက်နေရာယူခဲ့ကြသည်။
ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့်သက်ဆိုင်သောအကြောင်းအရာများကို ဒေသခံ များဖြစ်ကြသော ဦးကျော်သူ၊ ဦးမြသောင်းတို့ကဟောပြောခဲ့ပြီး ဒေါ်ဆွေဆွေဝင်းက နိုင်ငံရေးပါတီ ၂၆ ပါတီ၏ ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်သော သဘောထားကြေညာချက်ကို ဖတ်ကြား ခဲ့သည်။