images
UN
UN
စင်ကာပူ ဟောင်ကောင်နှင့် ပဲရစ်တို့သည် ပြည်ပြေးများအတွက် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့များဖြစ်ဟုဆို
KK(IR) Thursday, 11 July 2019

ပြည်ပြေးများနေထိုင်ရန်အတွက် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့ များမှာ စင်ကာပူ၊ ဟောင်ကောင်နှင့် ပဲရစ်တို့ဖြစ်ကြကြောင်း စီးပွားရေး ပညာရှင်များအဖွဲ့(EIU)မှ ယနေ့ တွင်ထုတ်ပြန်လိုက်သည့် အစီရင်ခံ စာအရ သိရသည်။ (EIU)အဖွဲ့ သည် မြို့ပေါင်း ၁၃၃ မြို့တို့အား ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ရာမှ ရရှိလာသည့် အချက်အလက်များ အပေါ်တွင် အခြေခံကာ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာ့ ကုန်ကျစရိတ်အများဆုံးမြို့သုံးမြို့ ဖြစ်နေသည်မှာ သမိုင်းတွင် ပထမ ဦးဆုံးအကြိမ်ဖြစ်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ်တွင် ဟောင်ကောင်နှင့် ပဲရစ်တို့သည် စတုတ္ထမြောက်နှင့် ဒုတိယမြောက် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့ များအဖြစ် အသီးသီးရပ်တည်နေ ကြခြင်းဖြစ်ပြီး စင်ကာပူသည် ပြီးခဲ့ သည့် ငါးနှစ်လုံးလုံး ကမ္ဘာ့ကုန်ကျ စရိတ်အများဆုံးမြို့အဖြစ် ရပ်တည် နေခဲ့ခြင်းဖြစ်သည်။ EIU ၏၂ဝ၁၉ ခုနှစ်ဆိုင်ရာ ကမ္ဘာတစ်ဝန်းနေထိုင် မှုကုန်ကျစရိတ်တွက်ချက်တိုင်းတာ မှုတွင် အစားအစာ၊ သောက်သုံး စရာ၊ အဝတ်အစား၊ အိမ်သုံးပစ္စည်း များနှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ အပါအဝင် ထုတ်ကုန်နှင့်ဝန်ဆောင် မှု ၁၆ စသည်တို့မှ အမျိုးအမည် ပေါင်း ၄ဝဝ ကျော်တို့ကို နှိုင်းယှဉ် လေ့လာသုံးသပ်ခဲ့ကြခြင်းဖြစ် သည်။ EIU ၏ အစီရင်ခံစာအရ စင်ကာပူနှင့်ဟောင်ကောင်တို့သည် နယူးယောက်ထက် ကုန်ကျစရိတ် ရာခိုင်နှုန်းပိုများပြီး တောင်ကိုရီး ယားနိုင်ငံ၏ မြို့တော်ဆိုးလ်မြို့ သည် နယူးယောက်နှင့် ကုန်ကျ စရိတ်အတူတူပင်ဖြစ်ကာ ကမ္ဘာ့ ကုန်ကျစရိတ် အများဆုံးမြို့များ စာရင်းတွင် နံပါတ်(၇) နေရာ၌ တွဲဖက်ရပ်တည်နေခြင်း ဖြစ်သည်။
၂ဝ၁၉ ခုနှစ်၏ ကမ္ဘာ့ကုန်ကျ စရိတ်အများဆုံးမြို့များ ထိပ်တန်း စာရင်းတွင် အာရှနိုင်ငံလေးနိုင်ငံ ဖြစ်သည့်ဂျပန်နိုင်ငံ၏ အိုဆာကာ မြို့၊ ဆိုးလ်၊ စင်ကာပူနှင့် ဟောင် ကောင်တို့ ပါဝင်ရပ်တည်နေကြ သည်။ ကမ္ဘာ့ကုန်ကျစရိတ် အများ ဆုံးမြို့ ၁ဝ မြို့စာရင်းတွင် ပါဝင် သည့်အခြားသောမြို့များမှာ ဇူးရစ်၊ ဂျီနီဗာ၊ ကိုပင်ဟိတ်ဂင်၊ နယူး ယောက်၊ တဲလ်အဗစ်နှင့် လော့စ် အိန်ဂျလိစ်တို့ဖြစ်ကြသည်။
Ref: Channel News Asia