images
UN
UN
ပလတ်စတစ်ပစ္စည်းများ၏ ဆိုးကျိုးသက်ရောက်မှုအန္တရာယ်ကို ပင်လယ်နေသတ္တဝါကြီးများရင်ဆိုင်နေရ
KK(IR) Thursday, 11 July 2019

ပင်လယ်ရေမျက်နှာပြင်အပေါ်ဘက်တွင်ရှိသည့် မျှော့ကောင်လေး များကဲ့သို့ အလွန်ပါးလွှာသေးငယ်သည့် အစားအစာများ စားသောက် လေ့ရှိသည့်ဝေလငါးများ၊ ငါးမန်းများနှင့်ငါးကြီးများအပေါ် ပလတ်စတစ် အမှုန်များ၏ ဆိုးကျိုးသက်ရောက်နိုင်မှုအပေါ် သုတေသနပြုလုပ်ရန် သိပ္ပံပညာရှင်များက တောင်းဆိုလိုက်ကြောင်းသိရသည်။ ၄င်းတို့၏ ပြောကြားချက်အရ ပင်လယ်နေသတ္တဝါကြီးများသည် ပလတ်စတစ် အမှုန်များ၏ ဆိုးကျိုးသက်ရောက်မှုအန္တရာယ်ကို ကြီးမားစွာရင်ဆိုင် နေရလျက်ရှိသည်ဟု သိရသည်။ ခန့်မှန်းခြေအရ အချို့သော ဝေလငါး ကြီးများသည် တစ်ရက်လျှင် ပလတ်စတစ်အပိုင်းအစပေါင်း ရာနှင့်ချီ၍ စားသောက်မျိုချမိဖွယ်ရှိသည်ဟုသိရသည်။ မက္ကဆီကို ပင်လယ်ကွေ့၊ မြေထဲပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တြိဂံပုံ သန္တာကျောက်တန်း တို့သည် စောင့်ကြည့်လေ့လာမှုပြုရန် အကောင်းဆုံးနေရာများဖြစ် သည်ဟု သုံးသပ်ဖော်ပြထားသည်။
အမေရိကန်၊ သြစတြေးလျနှင့် အီတလီတို့မှ သုတေသီများသည် ရေထုထဲတွင်နေထိုင်သည့် အကောင်အမှုန်အမွှားလေးများအား ခြိမ်း ခြောက်အန္တရာယ်ပြုမှုများဆိုင်ရာ အချက်အလက်များကိုလေ့လာရာမှ ပလတ်စတစ်အမှုန်များ၏ ပင်လယ်နေသတ္တဝါကြီးများအပေါ် ဆိုးကျိုး သက်ရောက်မှုအန္တရာယ်ကိုတွေ့ရှိရခြင်းဖြစ်သည်။ အဆိုပါ ပလတ် စတစ်အမှုန်လေးများသည် အရွယ်အစားအားဖြင့် ငါးမီလီမီတာထက် သေးငယ်ကာ ပင်လယ်သမုဒ္ဒရာများနှင့် ပင်လယ်နေသတ္တဝါများကို ဘေးဥပဒ်ဖြစ်စေနိုင်သည်ဟု သိရသည်။
ပလတ်စတစ်များအား စားသောက်မျိုချမိခြင်းအားဖြင့် ဖြစ်ပေါ် လာနိုင်သည့် အဆိပ်အတောက်အန္တရာယ်သည် ဇီဝဖြစ်စဉ်များစွာ အပေါ် သက်ရောက်မှုရှိစေပြီး အရွယ်အစားကြီးထွားမှု၊ မျိုးပွားမှုနှင့် ရေထုထဲတွင်နေထိုင်သည့် အကောင်အမှုန်အမွှားလေးများ ရှင်သန်မှု အား အန္တရာယ်ဖြစ်စေနိုင်သည်ဟု သိရသည်။ Ref: BBC News