images
UN
UN
မိုဘိုင်းလ်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများရောင်းချခြင်း ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့အတွက် အခွန်အမှတ်တံဆိပ်ကပ်နှိပ်မရောင်းချလျှင် ၁ဝဝ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်
ထက်မြတ်(မန္တလေး) Thursday, 11 July 2019

မိုဘိုင်းလ်ဖုန်းများနှင့် ဆက်စပ် ပစ္စည်းများရောင်းချခြင်း၊ ဝန် ဆောင်မှုဆောင်ရွက်ခြင်းတို့အတွက် အခွန်ငွေငါးရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်ပြီး ပေးဆောင်ကြောင်း အမှတ်တံဆိပ်နှိပ်ရောင်းချခြင်းမရှိ လျှင် ကျသင့်သည့် အခွန်ရာခိုင် နှုန်းအပြင် ပျက်ကွက်မှုဒဏ်ကြေး များကိုပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း MRCCI ခန်းမတွင်ပြု လုပ်ခဲ့သော ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်း ဖြစ်သည်။
''ဟန်းဆက်ဘူးခွံအပေါ်မှာ အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက် ကွက်တာ၊ ပြေစာထုတ်ပေးဖို့နဲ့ ပြေ စာထုတ်ပေးပေမယ့် သတ်မှတ် အခွန် အမှတ်တံဆိပ်ကိုကပ်နှိပ်ရန် ပျက်ကွက်တာဆိုရင် ဒဏ်ငွေကျ သင့်မယ့်အပြင် ပျက်ကွက်တဲ့ အကြိမ်ရေပေါ်မူတည်ပြီး ငွေ ပမာဏတိုးမြှင့်ပေးဆောင်ရမှာဖြစ် ပါတယ်''ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဦးတင်ထွန်းကပြောသည်။
အခွန်ပေးဆောင်ခြင်းအား မို ဘိုင်းလ်ဟန်ဆက်များအပြင်Hard -ware, Software များအတွက် ဝန် ဆောင်ခများကိုလည်း ကျသင့်ငွေ ၏ ငါးရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်သည်။ ထို့သို့ပေးဆောင်ရမည့် အခွန်ငွေများအတွက် အခွန်တံဆိပ် ခေါင်းများကို သက်ဆိုင်ရာ မြို့နယ် များအခွန်ရုံးများတွင်ပထမအကြိမ် တွင်ငွေကြိုတင်သွင်းရန်မလိုအပ်ဘဲ ထုတ်ယူနိုင်ပြီး ဒုတိယအကြိမ် ထုတ်ယူရာတွင် ပထမအကြိမ်ရ ယူထားသော အခွန်တံဆိပ်ခေါင်း ဖိုးကိုပေးသွင်းရမည်ဖြစ်သည်။
အခွန်တံဆိပ်ခေါင်းမကပ်သည့် ဆိုင်များအား ဒဏ်ကြေးအပြင် ပထမအကြိမ် ကျပ် နှစ်သိန်း၊ ဒုတိယအကြိမ် ကျပ် ငါးသိန်း၊ တတိယအကြိမ် ကျပ် ခုနစ်သိန်း၊ တတိယအကြိမ်အထက်ပျက်ကွက် ခြင်းအတွက်ငွေကျပ် ၁ဝသိန်းအထိ သတ်မှတ်ထားရှိကြောင်းသိရသည်။
''ဆိုင်တွေအနေနဲ့ တစ်ရက် တည်းကို အခွန်တံဆိပ်မကပ်ဘဲ အကြိမ်ကြိမ်ရောင်းချပေမယ့် တစ် ကြိမ်လို့သတ်မှတ်မှာ မဟုတ်ပါ ဘူး၊ တစ်ရက်ကို အကြိမ်ရေဘယ် လောက်လုပ်လဲဆိုတာကိုလည်း တွက်ချက်မှာဖြစ်ပါတယ်''ဟု၎င်း ကဆက်လက်ပြောပြခဲ့သည်။
အခွန်ငွေများကို ပေးသွင်းရာ တွင် ဥပဒေအရလကုန်ဆုံးပြီး ၁ဝ ရက်အတွင်းပေးသွင်းရမည်ဖြစ်ပြီး ကုန်ပစ္စည်း ဝယ်ယူစဉ်ကကုန်စည် တန်ဖိုးနှင့်အတူ ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ် လုပ်ငန်းခွန်စည်းမျဉ်းနှင့်အညီ ခုနှိမ်ပေးသွင်းနိုင်ကြောင်း၊ အခွန် ခုနှိမ်ပေးသွင်းရာတွင် လုံလောက် သော အထောက်အထားများတင် ပြရမည်ဖြစ်သည်။လစဉ်ကုန်သွယ် လုပ်ငန်းခွန်ပေးသွင်းခြင်းနှင့်သုံးလ တစ်ကြိမ်ကြေညာလွှာတင်သွင်းခြင်း တို့ကို ဌာနမှကူညီပေးသွားမည်ဖြစ် ကြောင်းသိရသည်။ယခုကောက်ခံ သည့် အခွန်မှာ အမျိုးအစားအသစ် ထပ်မံပြုလုပ်ကာ ကောက်ခံခြင်း မဟုတ်ကြောင်း သိရသည်။