images
UN
UN
ဘယ်မောင်းယာဉ်များကို ကိုယ်တိုင်စိတ်တိုင်းကျမောင်းနှင်နိုင်မည့် မော်တော်ယာဉ်အငှားဝန်ဆောင်မှု Mobile Application ထွက်ရှိ
သွန်းလေး Thursday, 11 July 2019

Yoma Car Share ကို အသုံး ပြုနေကြသည့် Customer များ ပိုမိုအဆင်ပြေလွယ်ကူစွာဖြင့် မိမိ အလိုရှိသည့်ယာဉ်များကို ရွေးချယ် ငှားရမ်းနိုင်မည့် Yoma Car Share Mobile Application မှာ ယနေ့ တွင် စတင်ထွက်ရှိလာပြီဖြစ်သည်။
Yoma Car Shareသည်မြန်မာ နိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် ဘယ် မောင်းကားသစ်များကို မိမိစိတ် တိုင်းကျငှားရမ်းမောင်းနှင်နိုင်သည့် ကိုယ်တိုင်မောင်း ယာဉ်အငှားဝန် ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိYoma Car Share Customer များအနေ ဖြင့် Yoma Car Share Mobile Application ကို Apple® App Store နှင့် Google® Play Store တို့မှ Download ရယူပြီး စတင် အသုံးပြုနိုင်မည်ဖြစ်သည်။
အရေးပေါ် အလုပ်ကိစ္စများ အတွက် နာရီပိုင်းငှားရမ်းကာ မြို့ တွင်းသွားလာရန်သာမက မိသားစု သူငယ်ချင်းမိတ်ဆွေများနှင့်အတူ ရက်ရှည်ငှားရမ်းကာ မြို့ပြင်ခရီး ဝေးသွားရန်Yoma Car Share ၏ ဘယ်မောင်းကားသစ်များကို နာရီ ပိုင်း၊ ရက်ပိုင်း၊ လပိုင်းစိတ်တိုင်းကျ ရွေးချယ်ငှားရမ်းနိုင်မည်ဖြစ်သည်။
Yoma Car Share ကို အသုံး ပြုလိုပါMobile Application (သို့မဟုတ်)www.yomaca rsha- re. com တို့မှတစ်ဆင့် ရိုးရှင်း လွယ်ကူစွာမှတ်ပုံတင်ပြီး အကောင့် ဖွင့်ကာYoma Car Share Mobile Application ကို အသုံးပြုနိုင် ကြောင်းအာမခံ (Insurance) ပါဝင်ပြီးဖြစ်သည့် ဘယ်မောင်း မော်တော်ယာဉ်အသစ်များကို မိမိ စိတ်ကြိုက် ရွေးချယ်ငှားရမ်းပြီး ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်နိုင် မည်ဖြစ်သည်။
Customer များအနေနှင့်Yoma Car Share ၏ အငှားမော် တော်ယာဉ် Fleet မှာ ပါဝင်သည့်Suzuki Swift? Suzuki Ertiga? Suzuki Ciaz? Hyundai H1? Ford Everest, Ford Ranger Double Cab ၏ကျွမ်းကျင်စက်ပြင်ဆရာ များကလည်း ယာဉ်များကို ပုံမှန် ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာယာ ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပုံမှန် ပြုလုပ်ပေးလျက်ရှိပြီး နိုင်ငံတကာ စံချိန်မီ ယာဉ်အာမခံစနစ်လည်း ပါဝင်သောကြောင့် Customer များအနေနှင့်Yoma Car Shareမှယာဉ်များကို စိတ်ချယုံကြည်စွာ ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။
Customer များအနေနှင့်Yoma Car Share ၏ ကိုယ်တိုင်မောင်း အငှားယာဉ်များကိုနီးစပ်ရာRental Hub များတွင်လွယ်ကူအဆင်ပြေ စွာ ထုတ်ယူနိုင်ပြီး လက်ရှိအချိန် တွင် ရန်ကုန်၊ မန္တလေး၊ နေပြည် တော် မြို့များအပါအဝင် မြန်မာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများနှင့် လေဆိပ်များတွင်Rental Hub ပေါင်း ၁၉ ခုထိ ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
Yoma Car Share မှSelf-drive ယာဉ်များကို အချိန်မရွေး တစ်ရက်လျှင် ၂၄ နာရီပတ်လုံး သတ်မှတ်ထားသောrental hub့ ကဘ များမှ ထုတ်ယူငှားရမ်းမောင်းနှင် နိုင်ပြီး အိမ်တိုင်ရာရောက်ပို့ဆောင် ပေးသော ဝန်ဆောင်မှုကိုလည်း နံနက် ၇နာရီမှ ည ၇ နာရီအတွင်း ပေးအပ်လျက်ရှိကြောင်း သိရ သည်။