images
UN
UN
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်မြောက် Microfinance Success Asia အခမ်းအနားကျင်းပမည်
အဖြူရောင် Thursday, 11 July 2019

မြန်မာနိုင်ငံ၏ အသေးစား ငွေ ရေးကြေးရေးလုပ်ငန်းနှင့် စပ်လျဉ်း ၍ အာရှနိုင်ငံများနှင့် ပြည်တွင်းမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုစည်းပြီး တွေ့ဆုံဆွေးနွေးမှုများ နှင့် အပြန်အလှန်ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်မည့် ‘Microfin- ance Success Asia’ အခမ်းအနား ကို ယခုလ ၂၃ ရက်မှ ၂၄ ရက် အထိ ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင်ကျင်းပမည်ဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ နယ်ပယ်အတွင်း ရှိ ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ် ကြီးများ၊ အထူးသဖြင့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ (MFIs) ၊ SME နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီများ၊ ရပ်ရွာအခြေပြု အသေးစားနှင့် စီးပွားဖြစ်ဘဏ် လုပ်ငန်းများ၊ စိုက်ပျိုးတောင်သူ အဖွဲ့အစည်းများ၊ နည်းပညာ ကုမ္ပဏီများ၊ အတိုင်ပင်ခံ ကုမ္ပဏီ များ၊ ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ် ရှိ ကျွမ်းကျင်သူများ၊ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ မိတ်ဖက်လုပ်ငန်း များအပါအဝင် မူဝါဒချမှတ်သူများ နှင့်ဥပဒေအရ စောင့်ကြည့်စစ်ဆေး သူများ စသည်ဖြင့် လာရောက် လေ့လာဆွေးနွေးသူပေါင်း ၁၅ဝ ကျော်တက်ရောက်မည်ဖြစ်သည်။
Microfinance Success Asia 2019 အခမ်းအနားကို ''ရေ ရှည်ဖွံ့ဖြိုးတိုးတက်စေရန် စီမံခန့်ခွဲ ခြင်းနှင့် အရှိန်အဟုန်ဖြင့် တိုးတက် ပြောင်းလဲလျက်ရှိသည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းတစ်ခု အတွင်းရှိ အကျိုးသက်ရောက်မှု များ''ခေါင်းစဉ်ဖြင့် ကျင်းပသွား မည်ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ က အသေးစား ငွေရေးကြေးရေး လုပ်ငန်းနယ်ပယ်အတွင်း အောင် မြင်မှုရရှိနိုင်ရန် အရေးကြီးသည့် အချက်များနှင့်အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းကောင်း များကိုဝေမျှသွားမည့် ဖိုရမ်တစ်ခု ပါရှိမည်ဖြစ်သည်။
အခမ်းအနားတွင် ထည့်သွင်း ဆွေးနွေးသွားမည့် အဓိက ခေါင်း စဉ်များမှာ အသေးစားငွေရေးကြေး ရေးလုပ်ငန်း နယ်ပယ်အတွင်းရှိ စည်းမျဉ်းဥပဒေများအကြောင်း၊ MFIs အဖွဲ့အစည်းများ၊ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အထူး လိုက်နာကျင့်သုံးရမည့်အချက်များ အကြောင်း၊ အသေးစား ငွေရေး ကြေးရေးဝန်ဆောင်မှုများကို ဒေသ အလိုက်ယဉ်ကျေးမှု၊ လူမှုကျင့်ဝတ် စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် ဖန်တီးပေးခြင်းအကြောင်း၊ အသေး စားငွေရေးကြေးရေး ဝန်ဆောင်မှု များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင် ရွက်ပေးခြင်းအကြောင်းအပါအဝင် မြန်မာနိုင်ငံအသေးစားငွေရေးကြေး ရေးကဏ္ဍအတွင်း အခွင့်အလမ်း များ ဖန်တီးပေးရေး စသည်တို့ဖြစ် သည်။