images
UN
UN
ဘဝကိုအကောင်းဆုံးပြုပြင်နေထိုင်ပြီး ပရိသတ်တွေအတွက်ဇာတ်ကားတွေပြန်ရိုက်မည့် သရုပ်ဆောင် မိုးအောင်ရင်
ဒဂုံဝေလင်း Thursday, 11 July 2019

အနုပညာအလုပ်တွေကို စိတ်သစ်၊ လူသစ်နှင့် ချစ်သည့်ပရိသတ်တွေအတွက် ပြန်လည်၍လုပ်ကိုင် လာမည့် သရုပ်ဆောင်မိုးအောင်ရင် အနေဖြင့် သရုပ် ဆောင်အလုပ်အတွက် အက်တာပိုင်းတွေ ပြန်လည် လေ့လာနေပြီး သရုပ်ဆောင်မြင့်မြတ်နှင့်အတူLucky Seven ထုတ်လုပ်ရေးကနေ ရိုက်ကူးမည့် ဇာတ်ကား တွင် သရုပ်ဆောင်မြင့်မြတ်နှင့်အတူ ပထမဆုံးအဖြစ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်ပြင်ဆင်နေကြောင်း သိရ သည်။
''ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အခု ''ချာလီဘ''ရုပ်ရှင်ဇာတ်ကားကိုလာကြည့်တဲ့ အခါ ဒီကားက ကျွန်တော်အပြင်ပြန်ရောက်လာပြီးမှ ပထမဆုံးကြည့်ရမယ့်ရုပ်ရှင်ကားပါ။ နောက်တစ်ခု ထူးခြားတာက ကျွန်တော့်ရဲ့ထုတ်လုပ်သူ ကိုအုန်းဝင်း ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့ဇာတ်ကားကိုကြည့် ဖို့ဖိတ်ခံရတာဝမ်းသာမိပါတယ်။အခုအချိန်မှာ ပြောင်း လဲတာတွေကတော့ အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် နောင်တဆိုတာထက်အခုချိန်မှာအဆိုးထဲကအကောင်း ကိုရှာပြီးနေသွားမယ်။အခုဆေးလိပ်မသောက်တော့ ဘူး။ အလုပ်ကလွဲပြီး တခြားဘာမှမလုပ်ချင်ဘူး။ ကျွန်တော်လုပ်ခဲ့တာတွေကိုပြန်မြင်ပြီးဆုံးရှုံးသွားခဲ့ တယ်လို့လည်းမမြင်ပါဘူး။ ကျွန်တော် အားရင် တရားထိုင်တယ်။ အဲလောက်အထိကြိုးစားခဲ့တာ တောင်မှ အခုဒီပွဲကိုတက်ရမယ်ဆိုတော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။ ဒါကတော့လူရဲ့သဘော နဲ့ပဲဆိုင်မယ်ထင်တယ်''ဟု ပြောသည်။
၎င်းအနေဖြင့်Lucky Seven ထုတ်လုပ်ရေးနှင့် အတူ ဇာတ်ကားရိုက်ကူးမှုတွေအတွက် ပြင်ဆင်ထား ကြောင်းသိရပြီး သရုပ်ဆောင်မြင့်မြတ်နဲ့အတူ ပထမ ဆုံးပြန်လည်ရိုက်ကူးသွားမည်ဟု သိရသည်။
''ကျွန်တော် အနုပညာနဲ့ အလှမ်းဝေးနေတာကြာ သွားပြီ။ ဒါကလည်းကိုယ့်မိုက်ပြစ်နဲ့ကိုယ်ပါပဲ။ အဲ့ အတွက် နောင်တတွေလည်း တကယ်ကိုရမိပါတယ်။ ပရိသတ်ကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော့်ကို သူတို့မျှော်လင့်ချက်တွေ ပျက်စီးသွားသလိုဖြစ်လို့ လေ။ အခုတော့ ကျွန်တော်ကာရိုက်တာအတွက် ပြင် ဆင်မှုတွေနဲ့လိုအပ်တဲ့အိုက်တင်ပိုင်းဆိုင်ရာတွေအတွက် ကိုယ်တိုင်ကြိုးစားပြင်ဆင်နေပါပြီ။ တခြားကုမ္ပဏီ တွေကကမ်းလှမ်းလာရင်လည်း လက်ခံရိုက်ကူးသွား ဖို့ရှိပါတယ်''ဟု ထပ်မံပြောပြခဲ့သည်။