images
UN
UN
ရုပ်ရှင်ကားကြီး ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးဖို့ အစီအစဉ်ရှိပါတယ်ဆိုတဲ့ သရုပ်ဆောင် ဝါဆိုမိုးဦး
ရွှေရောင် Thursday, 11 July 2019


ရုပ်ရှင်ကားကြီးကိုယ်တိုင်ထုတ် လုပ်ရိုက်ကူးဖို့အစီအစဉ်ရှိကြောင်း သရုပ်ဆောင် ဝါဆိုမိုးဦးက ပြော ခဲ့သည်။
သီချင်းသီဆိုမှုအပိုင်းကို လုပ် ဖြစ်နေသည့်ဝါဆိုအနေနှင့် ရုပ်ရှင် ဘက်ကိုလည်း အဆက်အသွယ် မပြတ်ရန်လည်းလုပ်နေရကြောင်း သိရသည်။
''ဝါဆိုတို့အရင်ကရိုက်ခဲ့ရတယ် ဆိုတာက ဗီဒီယိုလည်းအရမ်းခေတ် စားတဲ့အချိန်ပေါ့။ မနားဘဲရိုက်ခဲ့ရ တယ်။ အခုချိန်မှာတော့အနုပညာ ရှင်တွေလည်းအများကြီးပေါ်လာ တယ်။ ကိုယ့်နာမည် ပရိသတ်ချစ် နေဖို့ ရပ်တည်ပြီးနေနေတာပါပဲ။ ကိုယ့်ကိုလာခေါ်ရင်တော့လည်း ရိုက်မှာပါ။ဝါဆိုအနေနဲ့လည်းထုတ် လုပ်ရိုက်ကူးဖို့ဇာတ်ကားတွေအများ ကြီး စီစဉ်နေပါတယ်။ သီချင်းတွေ လည်းအများကြီး ဆိုသွားဖို့ရှိပါ တယ်''ဟု ပြောပြခဲ့သည်။
''ဇူလိုင် ၂၇ ရက်မှာ ဝါဆို မွေးနေ့ရှိပါတယ်။ မွေးနေ့အမီ ပရိသတ်တွေအတွက်ကို မွေးနေ့ လက်ဆောင် မိုးအေးအေးလေးနဲ့ သီချင်းအေးအေးလေး တစ်ပုဒ်ဖန် တီးနေပါတယ်''ဟုလည်းပြောပြခဲ့ သည်။
သူမ၏ညီမဖြစ်သူနှင့် အနုပညာ အလုပ်တွေကို တွဲဖက်လုပ်ကိုင် သွားရန်ရှိပေမယ့်လည်း လက်ရှိမှာ ကျောင်းမပြီးသေးသည့်အတွက် ညီမလေးနှင့်ပတ်သတ်သည့်အနုပညာ အလုပ်များကို အနည်းငယ်သာလုပ် ကိုင်နိုင်သေးကြောင်းလည်း ပြောခဲ့ သည်။
''ကိုယ်ထုတ်လုပ်ရိုက်ကူးတဲ့ ကားဆိုရင်တော့ကိုယ်ကြိုက်မှပဲရိုက် ဖြစ်မှာလေ။ ဒါတော့သေချာတယ်။ဇာတ်လမ်းကို ခိုင်ခိုင်မာမာရမှပဲ ဝါဆိုရိုက်မှာပါ။ လာပြီးကမ်းလှမ်း တဲ့ကားတွေလည်းအများကြီးရှိ တယ်။ ငြင်းခဲ့တဲ့ကားတွေလည်းရှိ တယ်။ ကာရိုက်တာပေါ် မကြိုက် လို့ ဇာတ်ကောင်ပေါ်မှာ မကြိုက် လို့ငြင်းခဲ့တာတွေလည်းအများကြီး ရှိပါတယ်'' ဟု ဝါဆိုမိုးဦးက ပြော ပြခဲ့သည်။