images
UN
UN
ခင်ဦးမြို့နယ်၌နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် WY မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
စံခင်ဦး Thursday, 11 July 2019


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခန့်က နယ်မြေလုံခြုံ ရေးနှင့် မှုခင်းကျဆင်းရေးဆောင် ရွက်နေစဉ် WY စာတန်းပါမူးယစ် ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ညောင်ပင်ကြီးစုရဲကင်းစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်တင့်၏ လမ်းညွှန်မှုများ အရညောင်ပင်ကြီးစုရဲကင်းစခန်းမှူး ဒုရဲအုပ်စိုးပိုင်ထွန်းနှင့် တပ်ဖွဲ့ဝင် တို့သည် သက်သေဦးမော်လွင်ဝင်း၊ ဦးဇော်ဝင်း၊ ဒေါ်ရွှေဋ္ဌေးတို့နှင့် အတူ နယ်မြေလုံခြုံရေးနှင့် မှုခင်း ကျဆင်းရေးဆောင်ရွက်နေစဉ် ခင်ဦး မြို့မှ ရေဦးမြို့သို့ မောင်းနှင်လာ သော အမျိုးသားတစ်ဦးနှင့် အမျိုး သမီးနှစ်ဦးစီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် ၂၅/---- နံပါတ်ပါSUPER ANBO-125 (အနက် ရောင်) အမျိုးအစားယာဉ်အား ခင်ဦး-ရေဦးကားလမ်း၊ အင်းပတ် ကွေ့မူးတံတားအနီးတွင် ရပ်တန့် စစ်ဆေးရာ ပင်လယ်ဘူးမြို့နယ် နောင်မူးကြီးကျေးရွာနေ မင်းသူ (ခ)သန်းမင်းသူ(၂၆နှစ်)ဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ လိုက်ပါလာသော အမျိုးသမီးနှစ်ဦးမှာ တစ်ရွာတည်း နေ ခင်စန်းထွေး (၃၁နှစ်)နှင့် ခင်စန်းဋ္ဌေး(၂၆နှစ်)တို့၏ ခန္ဓာ ကိုယ်အား ဆက်လက်စစ်ဆေးရာ ခင်စန်းထွေး(၃၁နှစ်)ဝတ်ဆင်ထား သော ဘောင်ဘီအိတ်ထဲမှ ပင်နီ ဆီလင်ပုလင်းအတွင်းထဲ၌တစ်ပြား လျှင် သုည ဒသမ ၁ ဂရမ်ရှိ WYစာတန်းပါ စိတ်ြ<ွကရူးသွပ် ဆေးပြား ၃၇ပြားနှင့် ခရီးဆောင် အိတ်ထဲမှ မူးယစ်ဆေးဝါးသုံးစွဲရာ တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ ရှာဖွေတွေ့ရှိသဖြင့် သက်သေ များရှေ့တွင် သိမ်းဆည်းခဲ့သည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက် ၍ပင်လယ်ဘူးမြို့နယ် နောင်မူးကြီး ကျေးရွာနေ မင်းသူ(ခ)သန်းမင်းသူ (၂၆နှစ်)၊ ခင်စန်းဋ္ဌေး(၂၆နှစ်) တို့ သုံးဦးအား ခင်ဦးမြို့မရဲစခန်းမှ မယ(ပ)၂/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။