မြင်းမူမြို့နယ်အတွင်း လောင်းကစားဝိုင်းဖမ်းဆီးရမိ
အောင်စိုးဖေ(မြင်းမူ)
Thursday, 11 July 2019
စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်း ခရိုင် မြင်းမူမြို့နယ် ထီးဆောင်း ကျေးရွာ အရှေ့ဘက်ဘုရားအနီး ယမန်နေ့ညနေပိုင်းက လေးကောင် ဂျင်လောင်းကစားဝိုင်းတစ်ခု ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ ဦးရာဘုရား အနီးဇရပ်ပေါ်တွင် လောင်းကစား ဝိုင်းပြုလုပ်နေကြောင်းသတင်းအရ မြင်းမူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစားဝိုင်း တွင်အသုံးပြုသော သက်သေခံ ပစ္စည်းများနှင့်အတူ လောင်းကစား ပြုလုပ်လျက်ရှိသော ယင်းကျေးရွာ မှသက်ထွန်း၊ ကျော်မြင့်၊ ဆန်းဝင်း၊ ကျော်လင်း၊ ဇော်နိုင်၊ ကျော်သူ၊ ကျော်ထူးနှင့်ဒီပဲယင်းကွဲကျေးရွာမှ သက်မျိုးအောင်တို့အား ဟာဝေး ဖုန်းသုံးလုံး၊ ဟွန်နာဖုန်းတစ်လုံး၊ ဆိုင်ကယ်မျိုးစုံ ၁၃စီးနှင့် လောင်း ကစားငွေကျပ် ၄၇ဝဝဝဝတို့နှင့် အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းမူမြို့မရဲစခန်းမှ (ပ)၁၆၆/ ၂ဝ၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅/(က)ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။