images
UN
UN
ကမ္ဘာတစ်ဝန်းသဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့်သုံးစွဲမှု
ဒေါက်တာနေဝင်း(မွေးကု) Thursday, 11 July 2019

ကမ္ဘာမြို့ကြီးများ၏ ဆင်ခြေဖုံးရပ် ကွက်နေလူများ၏ကျန်းမာရေးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ စစ်ဆေးရာတွင် ရာခိုင်နှုန်း ၈ဝ ထက်ကျော်လွန်သော လူ ဦးရေမှာ လေထုညစ်ညမ်းမှုအား ထိတွေ့ ခံစားနေရ၍ အထူးသဖြင့် ဝင်ငွေနိမ့်ကျ သောနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ် ရှိသောနိုင်ငံများတွင်မူ လူဦးရေအားလုံး ၏ ၉၇ရာခိုင်နှုန်းအထိ ခံစားနေရကြောင်း ခန့်မှန်းထားပါသည်။ ယနေ့ ကမ္ဘာပေါ် တွင် လေထုညစ်ညမ်းမှုကြောင့် လူပေါင်း ခုနစ်သန်းကျော်ခန့် နှစ်စဉ်သေဆုံးလျက် ရှိကြကြောင်းကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာတစ်ဝန်းတွင် စွမ်းအင်သုံးစွဲမှု နှင့်ပတ်သက်၍ စွမ်းအင်အရင်းအမြစ်များ ဖြစ်သော ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့တို့မှ စွမ်းအင်အားထုတ် ယူသုံးစွဲခဲ့ကြရာတွင် သဘာဝဓာတ်ငွေ့ သုံးစွဲမှုတွင် ရေနံနှင့်ကျောက်မီးသွေးသုံး စွဲမှုမှ ထွက်ပေါ်လာသော ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ပမာဏထက် နည်း ပါးကြောင်းတွေ့ရှိခဲ့ကြပါသည်။ သဘာဝ ဓာတ်ငွေ့ကို လောင်စာအဖြစ်သုံးစွဲရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထွက် ရှိမှုပမာဏ လျော့နည်းသည့်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု လျော့နည်းခြင်း၊ ဖန်လုံအိမ်အာနိသင်ဖြစ် ပေါ်မှုလျော့နည်းခြင်းတို့ကြောင့် ကမ္ဘာ တစ်ဝန်းတွင် သဘာဝဓာတ်ငွေ့နှင့် ဓာတ် ငွေ့ရည်သုံးစွဲမှုအား သန့်ရှင်း၍ ရေရှည် တည်တံ့နိုင်သည့် စွမ်းအင်အရင်းအမြစ် တစ်ခုအဖြစ် ကျေနပ်စွာသုံးစွဲလျက်ရှိကြ ကြောင်း တွေ့ရှိရပါသည်။
ကမ္ဘာတစ်ဝန်းသဘာဝဓာတ်ငွေ့သုံး စွဲမှုအား ကြည့်ပါက ၂ဝ၁၂ ခုနှစ်တွင် ဓာတ်ငွေ့ပမာဏ ၁၂ဝထရီလီယံကုဗပေ သုံးစွဲခဲ့ရာမှ ၂ဝ၄ဝပြည့်နှစ်တွင် ပမာဏ ၂ဝ၃ ထရီလီယံကုဗပေအထိ ပိုမိုသုံးစွဲရ မည်ဟု ၂ဝ၁၆ ခုနှစ် အပြည်ပြည်ဆိုင် ရာ စွမ်းအင်အမြင် စာစောင်က ဖော်ပြ ထားပါသည်။ သဘာဝဓာတ်ငွေ့တိုး တက်သုံးစွဲမှုကိုကြည့်ပါက တစ်နှစ် လျှင် ပျမ်းမျှ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလာကြောင်း တွေ့ရှိရပြီး စက်မှုလက်မှုလုပ်ငန်းများနှင့် လျှပ်စစ်
ထုတ်လုပ်မှုလုပ်ငန်းများက ကမ္ဘာ့သဘာဝ ဓာတ်ငွေ့ပိုမိုသုံးစွဲသည့်ပမာဏ၏ ၇၃ ရာခိုင်နှုန်းကို ရယူထားကြောင်း တွေ့ရှိ ရပါသည်။
ကမ္ဘာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု တွင် ကမ္ဘာတစ်ဝန်းလုံး သဘာဝဓာတ် ငွေ့ထုတ်လုပ်မှုပမာဏ၏ ၄၄ ရာခိုင်နှုန်း ကို အမေရိကန်ပြည်ထောင်စု၊ ရုရှား ဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့က ထုတ်လုပ်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ပမာဏ ၁၁၉ ဒသမ ၇ ထရီလီယံကုဗပေ ထုတ်လုပ် ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ၁၃၄ ထရီလီယံ ကုဗပေ ထုတ်လုပ်ရန်ရည်မှန်းထားပါ သည်။ ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရန် ပမာဏမှာ ၂ဝ၁၆ ခုနှစ်တွင် ၆၉၅ဝ ထရီလီယံကုဗပေရှိကြောင်း သိရပါ သည်။
၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သဘာဝဓာတ်ငွေ့ရည်ပမာဏ တန်ချိန်သန်းပေါင်း ၂၈ ဒသမ ၉ သန်း ခန့်အား ထုတ်လုပ်ရောင်းချခဲ့၍ နိုင်ငံ ပေါင်း ၂၂ နိုင်ငံမှ တန်ချိန် သန်းပေါင်း ၂၉၃ သန်းကို ဝယ်ယူသုံးစွဲခဲ့ပါသည်။ ၂ဝ၁၇ ခုနှစ် သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းကို ကြည့်ပါက နိုင်ငံအလိုက် ဈေးနှုန်းကွဲပြားခြားနားမှုများရှိပြီး အမြင့် ဆုံးဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဒေါ်လာမှ အနိမ့်ဆုံးဈေးနှုန်း အနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဒေါ်လာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၂ဝ၁၇ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရည် ပမာဏ တန်ချိန် သန်းပေါင်း ၂၉၃ သန်း ကမ္ဘာ့ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။
၂ဝ၁၇ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ရည်ပမာဏသန်းပေါင်း ၆၂ ကုဗမီတာ ခန့်ကို သိုလှောင်ထားရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ ဒေသတစ်ခုမှ တစ်ခုသို့ ဓာတ်ငွေ့ရည် သယ်ဆောင်သည့်သင်္ဘောများ၊ ဓာတ်ငွေ့ ရည်ပိုက်များဖြင့် ပို့ဆောင်ခဲ့ကြပါသည်။
ကမ္ဘာ့စွမ်းအင်သုံးစွဲမှုတွင် သဘာဝ ဓာတ်ငွေ့မှ စွမ်းအင်ထုတ်လုပ်သုံးစွဲမှု သည် ကမ္ဘာပေါ်ရှိ လူများအတွက် လုံခြုံ စိတ်ချရ၍ အကျိုးရှိစွာ သုံးစွဲနိုင်သော စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပြီး ရေ ရှည်တည်တံ့နိုင်သည့် စွမ်းအင်တစ်ခုဖြစ် ကြောင်း သိရှိနိုင်ပါရန် အမေရိကန်နိုင်ငံ စွမ်းအင်ဆိုင်ရာ ပြန်ကြားရေးနှင့် အုပ် ချုပ်ရေးအဖွဲ့နှင့် ၂ဝ၁၆ခုနှစ် အပြည် ပြည်ဆိုင်ရာ စွမ်းအင်အမြင်စာစောင်မှ ကောက်နုတ်ရေးသားလိုက်ရပါသည်။