images
UN
UN
ထန်းလက်ထန်းသားဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများ လူသုံးများ၍ ဒေသခံများဝင်ငွေရ
ရွှေမန်းကျည်း Thursday, 11 July 2019

အညာဒေသ ချောက်မြို့နယ် ရေနံချောင်းမြို့နယ်တွင် ထန်းပင်က ထွက်ရှိသော ထန်းသား၊ ထန်း လက်၊ ထန်းလျှော်များကို အဓိက ထား၍ လက်မှုပစ္စည်းအဖြစ် လုပ် ကိုင်ကြရာလူသုံးများနေသောကြောင့် ဒေသခံများ ဝင်ငွေရနေကြောင်း အထက်ပါဒေသမှ သိရသည်။
အညာဒေသမြို့များတွင်ထန်းပင် ကိုစိုက်ပျိုးကြရာ ထန်းပင်မှထန်းသား ကို အိမ်ဆောက်ပစ္စည်းနှင့် လက်မှု ပစ္စည်းအဖြစ် ထန်းသားပရိဘောဂ များဖြစ်သောထန်းလက်ကုလားထိုင်၊ စားပွဲ၊ ထန်းလျှော်ဖြင့်ပြုလုပ်သော လက်ဆွဲခြင်း၊ တောင်းအမျိုးမျိုး ရောင်းချကြောင်း၊ဒေသခံများဝင်ငွေ ရကြောင်း သိရသည်။
ထန်းသားဖြင့် ပြုလုပ်သော ပရိဘောဂများတွင် သဘာဝပေါက် ပင်ဖြစ်၍ကုလားထိုင်များမှာအအေး ဓာတ်ရရှိပြီး ဈေးနှုန်းချိုသာခြင်း ကြောင့်ကြိုက်နှစ်သက်ကြကြောင်း၊ နေအိမ်နှင့် စက်ရုံအလုပ်ရုံတို့တွင် အသုံးပြုပြီး လက်ဆွဲခြင်းတောင်း ကို မြို့ ၁ဝ မြို့အထိ ပို့ရကြောင်း၊ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အထိ ပို့ရကြောင်း ရေနံချောင်း မြို့နယ်မှ ထန်းလက်ကုလားထိုင် ရောင်းသူတစ်ဦးက ပြောသည်။
ထန်းလက်ကုလားထိုင်ကို ရပ် ကွက်၌အထမ်းအပိုးဖြင့်ရောင်းချသည့် အပြင် သီးသန့်ဆိုင်ဖွင့်ပြီး ရောင်းချ ကြသောကြောင့်ထန်းလက်ကုလား ထိုင်တစ်လုံးကျပ် ၄ဝဝဝ မှ ကျပ် ၅၅ဝဝ၊လက်ဆွဲခြင်း တစ်လုံးကျပ် ၅ဝဝဝ၊အကြမ်းနှင့်အချော၊ အရွယ် အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုး ပေါက်ဈေးရှိကြောင်း သိရသည်။